ကနဖော့ပင်

Powered by Drupal
Mon, 06/30/2025 - 12:10 -- consumer_admin

   ဆီးပူညောင်းကျရောဂါအတွက် ကနဖော့ သတ္တုရည်ကို သကြားနှင့် စပ်သောက်ပါက ဆီးပူ ညောင်းကျနာပျောက်၏။ ကနဖော့အရွက်များ ကြိတ်၍ ဦးခေါင်းတွင် အုံပေးပါက ဦးနှောက်ပူခြင်းကို အေးစေ၏။ ဖောရောင်ခြင်းအတွက် ကနဖော့၊ငါးကြင်း၊ မန်ကျည်းမှည့်နှင့် ချဉ်ဟင်းချက်စားရပါမည်။ အစိမ်းဖော ခန္ဓာကိုယ်ရောင်ရမ်းပါက ကနဖော့ပြုတ်ရည်ဖြင့် ရေချိုးရမည်။ နှာစေးပါက ကနဖော့ရွက်ကို ကြော်ချက်စားရမည်။ ကိုယ်အရေပြားရောဂါအတွက် ကနဖော့ရွက်ကို ဆိတ်အချင်း၊ သံပရာရည်ချဉ်ချဉ်နှင့်ချက်စားပါ။ အပူလောင်နာများ ကနဖော့ရွက်ကို ကျွဲသားဖြင့် ချက်စားပါက အပူလောင်နာပျောက်သည်။ သည်းခြေပျက်ရောဂါအတွက်ကနဖော့ရွက်ကို ကြက်အသည်းအမြစ်နှင့် ချက်စားပါက သည်းခြေပျက်ရောဂါ ပျောက်ကင်းသည်။ သလိပ်ထပါက ကနဖော့ရွက် သတ္တုရည် ကို ချင်း၊ ထန်းလျက်ပြုတ်ရည်နှင့် ရောစပ်သောက်သုံးရပါမည်။ အကြောတက်ရောဂါအတွက် ကနဖော့သတ္တုရည်ကို နွားနို့၊ ထန်းလျက်၊ ခပ်သောက်ပါရန်နှင့် ဆိတ်နို့ထန်းလျက်နှင့် ကျိုသောက် လျှင် အကြောပြေသည်။ နာဗ်ကြောအားကောင်းစေရန် ကနဖော့သတ္တုရည်ကို ပျားရည်နှင့်ရောစပ် သောက် သုံးရမည်ဖြစ်ပါသည်။ ကနဖော့ကို ထောပတ်နှင့်ကြော်စားပါက ကာမစွမ်းအားအတွက် ကောင်းမွန်ပြီး အကြောရောဂါအမျိုးမျိုးအတွက်ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါသည်။ အသားအ ရေ ကြည်လင်လှပစေရန် ကနဖော့ရွက်အစိမ်း နုပ်နုပ်စင်း၍ သုပ်စားနိုင်ပါကြောင်းနှင့် ကနဖော့ ရွက်ကို ဘဲသားနှင့် ချက်စားပါက ကိုယ်သားကိုယ်ရေများကို အေးစေသည်။

DOCA(မန္တလေး)