
နှာမွှန်ရောဂါ စွဲကပ်လာတဲ့အခါ အိပ်ယာထချိန် နံနက်အစောပိုင်းဆို အတော်လေးမွှန် ပါသည်။ မနားမနေကိုနှာချေပါသည်။ အင်္ဂလိပ်ဆေး စီထရင်း(သိုမဟုတ်)ဘာမီတွန် သောက်ရင် ပျောက်ပါသည်။ ဆေးအာနိသင်ကုန်တာနှင့် ပြန်ဖြစ်ပါတော့သည်။ တကယ်မွှန်တဲ့နေ့ဆို လက်ကိုင် ပုဝါ(၃)ထည်လောက် နှာရည်ညှစ်ဖို့ ဆောင်ထားရတတ်ပါသည်။ တရားထိုင်ချိန်၊တရားမှတ်ချိန်ဆို နှာရည်တွေ တောက်တောက်၊ တောက်တောက်နဲ့ အောက်ကိုစီးကျနေလောက်အောင်ကို မွှန်တတ် ပါတယ်။
ဒီလိုဆိုးဝါးတဲ့ နှာမွှန်ရောဂါအတွက် ခရေစေ့ကိုသွေးလိမ်း၊ ခရေစေ့ကို မီးဖုတ်၍ မီးဖုတ်ထားတဲ့အစေ့ကို ငရုပ်ဆုံမှာ ညက်အောင်ထောင်းပြီး အုန်းဆီစစ်စစ်လေးနဲ့ ငယ်ထိပ်ပေါ် လိမ်းပေးရပါမည်။ သုံးရက်ခန့် လိမ်းပြီးတာနဲ့ သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ ခရေ သီးအမှည့်ထဲကအစေ့ကို သွေးပြီး ညအိပ်ယာဝင်ချိန်တိုင်း နှာခေါင်းမှာ နှာတံဆွဲသလိုလိမ်း၊ နှာဖူး ထိပ် မျက်ခုံးရိုး(၂)ခုကြားမှာလိမ်းပေးခြင်းဖြင့် နှာမွှန်၊နှာပိတ်(ထိပ်ကပ်နာ)များကို ငွေကုန်ကြေးကျ မရှိဘဲ သက်သာပျောက်ကင်းစေမှာဖြစ်ပါကြောင်း လေ့လာသိရှိရသလောက် မျှဝေဖော်ပြလိုက်ရ ပါတယ်။
DOCA(မန္တလေး)