ကွမ်းသီးနှင့်ကျန်းမာရေး

Powered by Drupal
Mon, 06/30/2025 - 11:55 -- consumer_admin

   ကွမ်းယာထဲတွင်ထည့်ဝါးလေ့ရှိသလို အပျင်းပြေဝါးစားလေ့ရှိတဲ့ ကွမ်းသီးကို မြန်မာလူမျိုး တော်တော်များများက ရင်းနှီးပြီးသားဖြစ်ပါသည်။ ကွမ်းယာစားခြင်းကြောင့် ကျန်းမာရေးဆိုးကျိုး များတာမှန်သော်လည်း ကွမ်းသီးကြောင့်ဟု အတိအကျပြော၍မရနိုင်ပါ။ သဘာဝအတိုင်းရှိနေသော ကွမ်းသီးတွင် ကျန်းမာရေးအကျိုးများစွာရှိပါသည်။  ကွမ်းသီးဆိုသည်မှာ ကွမ်းပင်၏အသီးကိုဆို လိုပြီး ကွမ်းသီးပင်သည် အုန်းပင်၊ ထန်းပင်များနှင့်မျိုးရင်းတူပါသည်။ ပင်စည်သည်ရှည်ဖြောင့်နေပြီး ထိပ်ဖျားနားတွင်ကွမ်းသီးများက အခိုင်လိုက်သီးပါသည်။ သီးစမှာအခွံလေးများကအစိမ်းရောင်ရှိပြီး အခွံလေးသည်ဝါပြီး လိမ္မော်ရောင်ပြောင်းလာပြီဆိုလျှင် ခူးဆွတ်ပြီးအခြောက်ခံရပါသည်။ အခွံကိုဖယ်ပြီး အထဲက အသီးဆံကိုကွမ်းသီးအနေဖြင့်ကွမ်းယာထဲသို့ထည့်စားကြပါသည်။ ကွမ်းသီး စားသုံးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများမှာ လေဖြတ်ခြင်းမှ ကာကွယ်ပေးခြင်း၊ ခံတွင်းကျန်းမာစေခြင်း၊ ခံတွင်းခြောက်ခြင်းမှသက်သာစေနိုင်ခြင်း၊ သွေးအားနည်းရောဂါမှ ကာ ကွယ်ပေးခြင်း၊ သန်ကျစေနိုင်ခြင်း နှင့်ဆီးချိုကာကွယ်ပေးခြင်းစသည့်အကျိုးကျေးဇူးများကို ရရှိစေ နိုင်ပါသည်။ ကွမ်းသီးသည်ကျန်းမာရေးအကျိုးကျေးဇူးများသော်လည်း ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များအနေဖြင့် စားသုံးရန်မသင့်လျော်ပါ။ ကွမ်းသီးကိုအမြဲလိုလိုစားခြင်း၊ အခြားဆေး များနှင့် တွဲစပ်စားသုံးခြင်းနှင့်ကွမ်းယာကိုတစ်ချိန်လုံးစားသုံးနေမည်ဆိုပါက ခံတွင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ခံတွင်းကင်ဆာကိုဖြစ်စေနိုင်ကြောင်း တိုင်းရင်းဆေးပညာစာပေများမှ လေ့လာ သိရှိရပါသည်။

DOCA(မန္တလေး)