ပြောင်းဖူးစားသုံးခြင်းကြောင့်ရရှိလာနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Mon, 06/30/2025 - 11:54 -- consumer_admin

   ပြောင်းဖူးသည် သာမန်စိုက်ပျိုးထုတ်ကုန်တစ်ခုဖြစ်ပါသည်။ ပြောင်းဖူးကိုနည်း အမျိုးမျိုးနှင့် ပြင်ဆင်ချက်ပြုတ် နိုင်ပြီး ထူးခြားသောအဓိကအစားအစာတစ်ခု အဖြစ်လည်း စားသုံးနိုင်ပါသည်။ ရေနှင့်ပြုတ်ပြီး၍သော်လည်းကောင်း၊ အမှုန့်အဖြစ်ကြိတ်ပြီး ယာဂုအဖြစ်သော်လည်းကောင်း၊ ပြောင်းဖူးဟင်းအဖြစ်သော်လည်းကောင်း အမျိုးမျိုးပြင်ဆင်ချက်ပြုတ်စားသုံးနိုင်ပါသည်။ ပြောင်းဖူး တွင် ကျန်းမာရေးအတွက်အကျိုးဖြစ်စေသောအာဟာရဓာတ်များစွာပါဝင်ပါသည်။  ပြောင်းဖူးတွင် အမျှင်ဓာတ်များစွာပါဝင်ပြီး အဆီဓာတ်လျော့နည်းစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းမှကာကွယ် ပေးပါသည်။ ကယ်လ်လိုရီဓာတ်အပါအဝင် ကာဗွန်ဟိုက်ဒရိတ်များပြားစွာပါဝင်သောကြောင့် ပေါင်အလေးချိန်တိုးလိုသူများအတွက် ပုံမှန်စားသုံးပေးသင့်သော အစားအစာတစ်ခုလည်းဖြစ် ပါသည်။ ပြောင်းဖူးသည် ဆီးချို၊သွေးချိုရောဂါများကိုလျော့နည်းသက်သာစေသည့်အပြင် စိတ်ဖီးစီးမှု ကိုလည်းလျော့ကျအောင်  တားဆီးကာကွယ်ပေးနိုင်ပါသည်။  အနီရောင်အစေ့ရှိသောပြောင်းဖူး သည် အမြင်အာရုံမညီမမျှဖြစ်မှု ကိုကာကွယ်ပေးနိုင်သောအာနိသင်ပါဝင်ပါသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် အကျိုးဖြစ်ထွန်းစေပြီး ကိုလက်စထရောပမာဏကိုလျော့နည်းစေသော ကြောင့် နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါသည်။ ပြောင်းဖူးသည် ကျန်းမာ ရေးအတွက်သာမက အလှအပဆိုင်ရာများတွင်လည်းအသုံးဝင်ပါသည်။ ပြောင်းဖူးမှရရှိသော ကစီ ဓာတ်ကို အလှကုန်ပစ္စည်းတော်တော်များများတွင်ထည့်သွင်းအသုံးပြုကြပါသည်။ ပြောင်းဖူးကို အရေပြားပွန်းပဲ့ဒဏ်ရာများ၊ ဝက်ခြံနှင့်အရေပြားကျိန်းစပ်ခြင်းများပျောက်ကင်း သက်သာစေဖို့ အတွက်လည်းအသုံးပြုနိုင်ကြောင်း စာပေများမှ မှတ်သားသိရှိရပါသည်။

DOCA(မန္တလေး)