ခရမ်းသီးငယ် ဆေးဖက်ဝင်ပုံ

Powered by Drupal
Mon, 06/30/2025 - 11:51 -- consumer_admin

   ခရမ်းသီးငယ်သည် သွေးတွင်းသကြားဓာတ်ကိုလျှော့ချပေးခြင်း၊ နှလုံးကျန်းမာရေးကိုအား ဖြည့်ပေးခြင်း၊ ကိုလက်စထရောကိုလျှော့ချပေးခြင်းအပြင် ဂေါက်ရောဂါကိုလည်း သက်သာစေ ပါသည်။ ထို့အပြင် ၎င်းသည်အစာခြေစနစ်ကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွင်းရှိအဆိပ်အ တောက်များကို ဖယ်ရှားပေးသောကြောင့် ကိုယ်ခန္ဓာကိုပေါ့ပါးလန်းဆန်းစေပါသည်။ စားရလွယ်ကူ ပြီးခါးသက်ခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိကြောင်း သိရှိရသည်။ ခရမ်းသီးငယ်ကို ချက်ပြုတ်ရတာလွယ်ကူပါသည်။ ခရမ်းသီးငယ်ကို ချဉ်စပ်ဟင်းချို၊ ပုဇွန်ခြောက်(သို့မဟုတ်) ကြက်သားနှင့်ရောချက်စားသုံးကြသည်။ အရသာကချိုမြိန်ပြီး နူးညံ့တဲ့ အတွက်စားလို့ကောင်းပါသည်။ ရေနှင့်သေချာဆေးကြောပြီး ငပိရည်နဲ့တို့စားရင်အရမ်းကောင်း ပါသည်။ ခရမ်းသီးငယ်ကို စားသုံးပေးခြင်းဖြင့် ကောင်းမွန်လန်းဆန်းစေခြင်း၊ ခန္ဓာကိုယ်ထဲကို စွမ်းအင်တွေ ဖြည့်တင်းပေးခြင်းတို့ ဖြစ်ကြောင်းသိရှိရသည်။

DOCA(မန္တလေး)