သံမနိုင်ကျောက်မနိုင်ပင်

Powered by Drupal
Mon, 06/30/2025 - 11:49 -- consumer_admin

   သံမနိုင်ကျောက်မနိုင်ပင်များကို မြန်မာနိုင်ငံအနှံ့အပြားတွင် မည်သည့်ဒေသမဆိုပေါက် ရောက်သည်။ အထူးသဖြင့် ပူအိုက်သော နေရာများတွင်ပို၍ ပေါက်ရောက်သည်။ အရသာအေးသော သတ္တိရှိသည်။ ချုပ်သည်။ အနည်းငယ်ထိုင်းမှိုင်းစေသည်။ ကိုယ်ကိုဝဖြိုးစေသည်။ အဖောကျစေ သည်။ ဝမ်းဗိုက်ထိုးအောင့်ခြင်း၊ ဝမ်းသွားခြင်း၊ သွေးဝမ်းသွားခြင်း၊ မီးယပ်သွေးလွန်ခြင်း၊ မီးယပ်ဖြူဆင်းခြင်း၊ သလိပ်နှင့်ရော၍ သွေးစသွေးနပါခြင်းအပြင် ဆီးချုပ်၊ ဆီးပူညောင်းကျ၊ ကျောက်တည်ရောဂါများကို သက်သာပျောက်ကင်းစေသည်။ ကလေးများလေထိုးလေအောင့်ခြင်း အတွက် သံမနိုင်ကျောက်မနိုင်အရွက် သတ္တုရည်အား နို့နှင့်ရော၍တိုက်ကျွေးပါက သက်သာ ပျောက်ကင်းစေသည်။ သံမနိုင်ကျောက်မနိုင် အရွက်ခြောက်များကို ညပိုင်းတွင် ရေနှင့်စိမ်ထား၍ နံနက်တွင် လက်ဖက်ရည်အကြမ်းပန်းကန် တခွက်စာတိုက်ကျွေးပါက သွေးဝမ်းသွားခြင်း၊ မီးယပ် သွေးလွန်ခြင်း၊ မီးယပ်အဖြူဆင်းခြင်း၊ သလိပ်နှင့်ရော၍ သွေးစသွေးနပေခြင်းဖြင့် သက်သာ ပျောက်ကင်းစေပါသည်။ ဆီးချုပ်၊ ဆီးပူညောင်းကျ၊ ဆီးကျောက်တည်ရောဂါအတွက် သံမနိုင် ကျောက်မနိုင်ပင် ပဉ္စငါးပါးကို ကျိုချက်၍ သောက်ခြင်း၊ အခြောက်မှုန့်အား လက်ဖက်ခြောက် ပြုလုပ်၍ အကြမ်းပန်းကန်တလုံး တနေ့(၃)ကြိမ်သောက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေ ပါသည်။ အမျိုးသမီးများတွင် ရင်သားအနာ၊ အကျိတ်အဖုဖြစ်က သံမနိုင်ကျောက်မနိုင် ပဉ္စငါးပါး အစိုကို ထမင်းနှင့်ဆတူရော၍ ညက်စွာကြိတ်ပြီး လျှင် ရင်သားတွင်အုံပေးပါ။ နံနက် တကြိမ်၊ ညတကြိမ် အဟောင်းပစ်၍ အသစ်ထပ်အုံပါ။ နုလျှင်ပိန်၍ ရင့်လျှင်ပြည်ပေါက်ပါလိမ့်မည်။ ပြည် ပေါက်သောအခါ ဖန်ရည်ဆေး၍ ၎င်းအတိုင်းအုံပေးပါက ရင်အုံနာဖြစ်သူများ သက်သာ ပျောက်ကင်း စေပါသည်။ ဆီးပူ၊ ဆီးအောင့်၊ ကျောက်တည်ပါက သံမနိုင်ကျောက်မနိုင် ပဉ္စငါးပါးကိုစဉ်း၍ သုံးခွက် တခွက် တင်ကျို၍ သောက်ပေးပါက ဆီးကျောက်ကို ကျစေပါသည်။ ဆီးပူ၊ ဆီးအောင့် ရောဂါကို သက်သာ ပျောက်ကင်းစေပါသည်။ သံမနိုင်ကျောက်မနိုင် အရွက်မှုန့် (၄) ပဲသားကိုသံပရာရည်နှင့် တနေ့(၃)ကြိမ် သောက်ပေးပါက ကျောက်ကပ်ကျောက်တည် ရောဂါကိုသက်သာ ပျောက်ကင်းစေ သည်။ သံမနိုင်ကျောက်မနိုင် အရွက်ပြုတ်ရည်တွင် သကြားစပ်၍ အကြမ်းပန်ကန်တလုံးစာ တနေ့ (၃) ကြိမ် တိုက်ကျွေးပေးခြင်း၊ အရွက်ခြောက်မှုန့်ပြုတ်ရည်တွင် သကြားစပ်၍ အကြမ်းပန်းကန် တလုံး တနေ့(၃) ကြိမ်တိုက်ကျွေးပေးခြင်းဖြင့် ကျောက်ကပ်ဖော ရောင်ခြင်းများကို သက်သာ ပျောက်ကင်းစေသည်။ သံမနိုင်ကျောက်မနိုင်ကို ကြာရှည်သုံးလျှင် ကျောက်ကပ်လုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်၍ အမြဲမသုံးစွဲသင့်ပါကြောင်း လေ့လာသိရှိသမျှ ထပ်ဆင့်ဖော်ပြလိုက်ရပါသည်။

DOCA(မန္တလေး)