စကားဝါပင်

Powered by Drupal
Mon, 06/30/2025 - 10:51 -- consumer_admin

   စကားဝါပင်သည် အမြဲစိမ်းလန်းသော အပင်ကြီးမျိုးဖြစ်ပြီး အကိုင်းအခက်များသည် ဖြာ ထွက်၍ အမွှေးနုများဖြင့် ဖုံးလွှမ်းနေသည်။ အခေါက်မှာ ချောမွတ်၍မီးခိုးရောင်ရှိပြီး အတွင်းသား သည် ပျော့သည်။ စကားဝါပင်၏အရွက်မှာ ဘဲဉပုံ၊ လှံစွပ်ပုံသဏ္ဍာန်ရှိပြီး ၈လက်မ မှ၁၀ လက်မ အထိရှည်၍ရွက်ညှာမှာ၁လက်မခန့်ရှိသည်။ အရွက်နုစဉ်တွင် အမွှေးနုကလေးများရှိပြီး ရင့်သော အခါပြောင်ချောပြီး ရွက်နားညီသည်။ စကားဝါပွင့်မှာ တစ်ပွင့်တည်းပွင့်ပြီး လိမ္မော်ရောင် သို့မဟုတ် အဝါဖျော့ရောင် သို့မဟုတ် အဖြူရောင်ရှိပြီး အလွန်မွှေးကြိုင်သည်။ ပွင့်ဖက်မှာ ၂လက်မမှ ၃လက်မ အထိရှည်ပြီး သေးငယ်သောဝတ်ဆံများပါရှိသည်။ ပွင့်ညှာတိုပြီး ကဆုန်၊ နယုန်လတို့တွင် အပွင့်ပွင့် သည်။ အသီးမှာ ၁လက်မ မှ ၂လက်မအထိရှည်ပြီး အခိုင်လိုက်သီးသည်။ ပန်းညိုရောင်အစေ့ များပါရှိပြီး တော်သလင်းလတွင်စသီးသည်။ စကားဝါပင်၏ အပွင့်၊ အရွက်၊ အသီး၊ အခေါက်နှင့် အမြစ်အားလုံးသည် အသုံးဝင်ပါသည်။ စကားဝါပင်သည် သဘာဝအတိုင်းပေါက်ရောက်သည့် အပင်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရကြောင်း စာအုပ်စာပေများမှ ဖတ်ရှု့လေ့လာမှတ်သားရပါသည်။

DOCA(မန္တလေး)