ပဉ္စငါးပါးဆေးဖက်ဝင်ကျွဲကျောင်းမင်ဆေးပင်

Powered by Drupal
Thu, 06/26/2025 - 14:34 -- consumer_admin

       မသိသူကျော်သွား၊ သိသူဖော်စား ဆိုသည့်စကားအတိုင်း ကျွဲကျောင်းမင်ဆေးပင်သည်  သဘာဝ အတိုင်း အလေ့ကျပေါက်ရောက်သော အပင်ဖြစ်ပြီး၊ အပင်၏ပဉ္စငါးပါး လုံး ဆေးဖက် ဝင်ကြောင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ဂေါက်ရောဂါများ သက်သာပျောက်ကင်းကြောင်း၊ အပင် ရောအမြစ်ပါ လက်တစ်ဆုပ်စာခန့်ခူးပြီး ရေတစ်လီတာနှင့် ပြုတ်၍ မနက်၊ နေ့လယ်၊ ညနေ တစ်နေ့ ၃ကြိမ် သောက်ပေးရကြောင်း၊ ဆေးဖက်ဝင်သော ၎င်းပြုတ်ရည်အား ရက်ပေါင်း (၂ ရက်မှ ၃) ရက် အထိ သောက်ပေးပါက ရောင်ရမ်းခြင်း၊ အဆစ်မြစ်ကိုက်ခဲခြင်း၊ ခေါင်းမူးခြင်း၊ နားအူခြင်း  များကို လည်း သက်သာပျောက်ကင်းကြောင်း သိရှိရသည်။ အူမကြီးကင်ဆာတွင် သွေးဝမ်းသွားပါက  ကျွဲကျောင်းမင်ဆေး ပြုပ်ရည်ကို  ၁၄ ရက်မှ ၃၀ ရက်အထိသောက်ပါက ရောဂါ လက္ခဏာများ သက်သာပျောက်ကင်းကြောင်းနှင့် မူးဝေးခြင်း၊ နားအူခြင်းများလည်း သက်သာပျောက်ကင်းကြောင်း သိရှိရသည်။

DOCA(မန္တလေး)