
ကြောင်လျှာပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ပေါက်ရောက်ကြောင်း၊ မြင်းခြံမြို့ နယ်အတွင်းရှိ ကျေးရွာများတွင် ကြောင်လျှာပင်များကို ခြံစည်းရိုးများတွင် စီးပွားဖြစ်တစ်နိုင် တစ်ပိုင် စိုက်ပျိုးထားကြကြောင်း၊ နဘူးအိုင်ရွာမှ ထွက်ရှိသော ကြောင်လျှာသီးများကို တောင်သူ များကိုယ်တိုင် မြင်းခြံမြို့ရှိ အေးမြသီတာဈေးသို့ လာရောက်ရောင်းချကြောင်း၊ ဆေးဖက်ဝင်သော အသီးအနှံဖြစ်သောကြောင့် လူကြိုက်များပြီး အရောင်းအဝယ်လည်း ကောင်းကြောင်း တောင်သူ တစ်၏ ပြောပြချက်အရသိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်တွင် ရောင်းချလျက်ရှိသော ရာသီပေါ်ကြောင်လျှာသီး တစ်တောင့်လျှင် (၇၀၀-၁၀၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ ကြောင်လျှာသီး အရွယ်အစား၊ အရည်အသွေး အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ် ကွာခြား ကြောင်း၊ ဆေးဖက်ဝင်သော ကြောင်လျှာသီးများကိုစားသုံးခြင်းဖြင့် နာတာရှည် ရောင်ရမ်းခြင်းနှင့် အဆစ်နာရောဂါကို သက်သာစေကြောင်း၊ ဓာတုဆေးဝါးများ သောက်သုံး ခြင်းကြောင့်အသည်း ထိခိုက်ပျက်စီးခြင်းကို ကြောင်လျှာသီးက အထိရောက် ဆုံးကာကွယ်ပေးကြောင်း၊ ကျောက်ကပ်မှ အဆိပ်အတောက်တွေကို ဖယ်ရှားပေး၍ ကျောက်တည်ခြင်းကိုလည်း သက်သာစေပြီး အကောင်း ဆုံးအားဖြည့်ပေးကြောင်း၊ သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးပြီး ရုတ်တရက် သွေးချိုတက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို ဆီးချိုမဖြစ်အောင် လည်းကာကွယ်ပေး ကြောင်း၊ အစာခြေအက်ဆစ်ကို ထိန်းညှိပေးပြီးရင်ပူတာ၊ အစာမကြေတာ၊ လေထိုးလေအောင့် တာတွေကိုလည်း သက်သာစေနိုင်ကြောင်း၊ ကင်ဆာဆဲလ်တွေ မပြန့်အောင်လည်း ကာကွယ် ပေးကြောင်း၊ စားသုံးမှုအနေဖြင့် ကြောင် လျှာသီးကို မီးလေးအုံးစားစား၊ ပြုတ်ပြီးတို့တို့၊ ပါးပါးလှီးပြီး ချဉ်ဖက်စိမ်စားစား၊ ဆီချက်၊ ပဲမှုန့်တို့နဲ့သုပ်စားစား စားရသူတိုင်းခံတွင်းတွေ့စေသည့် ဆေးဖက်ဝင်ပြီး ခါးသက်သက် ပူရှိန်းရှိန်းလေး အရသာရှိသော ကြောင်လျှာသီးမှာ စားသုံးမှုများပြားကြောင်း သိရှိရသည်။
DOCA(မန္တလေး)