
သင်္ဘောဇီးဖြူရွက်သည် တစ်နေ့၃ခက် စားပေးရုံဖြင့်ခေါင်းတစ်ခြမ်းကိုက်ခြင်း ၊သွေးတိုး ဖြစ်ခြင်း တို့ကိုသက်သာစေပြီး ပန်ကရိယကို အားကောင်းစေကာ သွေးတွင်းသကြားဓာတ်ကိုလည် ပုံမှန်အတိုင်းထိန်းညှိပေးပါသည်။ သင်္ဘောဇီးဖြူရွက်အနုကို ငါးပိရည်နှင့်တို့စားခြင်း၊ သင်္ဘောသီး ထောင်းတို့နှင့် တွဲစားနိုင်ပြီးခေါင်းကိုက်ခြင်းကို သက်သာစေပါသည်။ ခေါင်းအရမ်းကိုက်နေလျှင် သင်္ဘောဇီးဖြူရွက် အရင့်လက်တစ်ဆုပ်စာခန့် ကို ရေနှစ်ခွက်နှင့်ပြုတ်ပြီး တစ်ခွက်သောက်လိုက်ရုံ နဲ့ခေါင်းကိုက်တာကိုချက်ချင်း သက်သာစေပါသည်။ အရွက်စိမ်းမစားလိုလျှင် ရေနှင့်ပြုတ် သောက် နိုင်ပါသည်။ အစာမစားမှီ တစ်နေ့၃ကြိမ်သောက်ပေးပါက သွေးတွင်းသကြားဓာတ်နှင့် ဆီးချိုကို ကောင်းစွာထိန်းညှိ ပေးနိုင်သည်။ သင်္ဘောဇီးဖြူရွက်မှာ ရေကျောက်ရောဂါကို ကုသပေးနိုင်သည့် ဂုဏ်သတ္တိရှိလို အရွက်ကိုပြုတ်ပြီး ရေချိုးပေးပါက ရေကျောက်ဖြစ်ခြင်းကို သက်သာပျောက်ကင်း စေနိုင်ပါသည်။
DOCA(မန္တလေး)