ချင်း(ဂျင်း) ၏ကျန်းမာရေး အကျိုးကျေးဇူးများ

Powered by Drupal
Mon, 06/23/2025 - 13:58 -- consumer_admin

  ချင်းကို ဟင်းလျာများချက်ပြုတ်ရာတွင် အနံ့အရသာတိုးစေဖို့အသုံးပြုကြသလို အသားဟင်း များချက်ရာတွင်လည်း အညှီနိုင်စေဖို့ အသုံးပြုကြပါသည်။  ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်းနှင့် အမျိုး သမီးများသွေးသားမှန်စေဖို့အတွက်လည်း ချင်းကိုအသုံးပြုကြပါသေးသည်။ ချင်းကို တရုတ်၊ ဂျပန်၊ အိန္ဒိယအပါအဝင် အပူပိုင်းနိုင်ငံများတွင် စတင်စိုက်ပျိုးကြပြီး ချင်းတွင်ကျန်းမာရေးအကျိုးကျေးဇူး များစွာပါဝင်သောကြောင့်  တောင်အမေရိက၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနေရာများနှင့် တစ်ကမ္ဘာ လုံးတွင် စိုက်ပျိုးလာကြပါသည်။ ချင်းသည် အမျိုးသမီးများ ရာသီလာစဉ်တွင် သောက်သုံးရန် အကောင်းဆုံးဆေးတစ်မျိုးဖြစ်ပါသည်။ ရာသီစလာလာချင်း သောက်သုံးပေးပါက နာကျင်မှုကို သက်သာစေနိုင်ပါသည်။ ချင်းသည် ကားမူးခြင်း၊ ပင်လယ်မူးခြင်းများကိုလည်း သက်သာစေပါသည်။ အအေးမိချောင်းဆိုးသည့်အခါတွင်လည်း ချင်းပြုတ်ရည်ပြုလုပ်၍ သောက်သုံးပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေနိုင်ပါသည်။ ချင်းကို စားခြင်း၊ သောက်သုံးခြင်းသည် လူတော်တော်များများအတွက် စိတ်ချရသော်လည်း အချို့အခြေအနေများတွင် ချင်းစားသုံးခြင်းကြောင့် ရင်ပူခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်မကောင်းခြင်း အစရှိသည့် ဆိုးကျိုးအနည်းငယ်ကိုခံစားရစေနိုင်ပါသည်။ အချို့အမျိုးသမီးများ တွင် ရာသီလာစဉ်တွင် ချင်းပြုတ်ရည်သောက်သုံးခြင်းကြောင့် ရာသီအများကြီး လာခြင်းကိုလည်း ခံစားရနိုင်ပါသည်။  ဆီးချိုရောဂါရှိသူများအနေဖြင့် ချင်းသည်အင်ဆူလင်နှင့် သွေးတွင်းသကြား ဓာတ်ပမာဏကို ထိခိုက်နိုင်သောကြောင့် ဆရာဝန်နှင့်တိုင်ပင်ပြီးမှသောက်သုံးသင့်ပါကြောင်း  ဆေး ပညာ စာပေများမှ လေ့လာသိရှိရပါသည်။ 

DOCA(မန္တလေး)