
ရေနွေးကြမ်းသည် မြန်မာလူမျိုးတော်တော်များများနှစ်ခြိုက်စွာ သောက်သုံးလေ့ရှိသော သောက်စရာတစ်ခုဖြစ်ပါသည်။ ဧည့်သည်လာလာ၊ နေ့ခင်းအပျင်းပြေတစ်ခုခုစားရင်းဖြစ်ဖြစ်၊ မိသားစုစကားဝိုင်းဖွဲ့ပြောကြသည့်အခါမှာဖြစ်ဖြစ် ရေနွေးကြမ်းကိုသောက်သုံးလေ့ရှိကြပါသည်။ ကျန်းမာရေးအကျိုးကျေးဇူးများလည်း ရှိသည့်ရေနွေးကြမ်းကို အများကြီးသောက်သုံးမိပါက တန် ဆေးလွန်ဘေးဆိုသည့် စကားအတိုင်းကျန်းမာရေးဆိုးကျိုးများလည်းခံစားရနိုင်ပါသည်။ ရေနွေး ကြမ်းသည် ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုပ်တို့ထက် ကဖင်းဓာတ်ပါဝင်မှုနည်းသော်လည်း အလွန်အကျွံသောက်သုံးမိပါက နှလုံးခုန်မြန်ခြင်းကိုဖြစ်စေနိုင်သလို သွေးတိုးရောဂါကိုပါဖြစ်စေ နိုင်ပါသည်။ နှလုံးရောဂါအခံရှိသူများအနေဖြင့် သတိထားသောက်သုံးသင့်သောအရာဖြစ်ပါသည်။ ရေနွေးကြမ်းကို အများကြီးသောက်သုံးမိပါက ခန္ဓာကိုယ်၏အစားအစာထဲတွင်ပါသော သံဓာတ်စုပ် ယူမှုကို အဟန့်အတားဖြစ်စေပြီး သွေးနီဉဆဲလ်ဖြစ်ပေါ်မှုနည်းပြီး မလုံလောက်သောကြောင့် သွေးအာနည်းရောဂါကိုဖြစ်စေနိုင်ပါသည်။ အစားစားပြီးချိန်တွင် ရေနွေးကြမ်းသောက်ခြင်းသည် အူနံရံများက သံဓာတ်မစုပ်ယူနိုင်အောင်ဖြစ်စေသောကြောင့် သွေးအားနည်းစေနိုင်ပါသည်။ အိပ်ရာ မဝင်မီ ရေနွေးကြမ်းသောက်မိပါက ဆီးခဏခဏ သွားရနိုင်သောကြောင့် အိပ်ရေးပျက်စေနိုင်ပါ သည်။ ကဖင်းဓာတ်သည်လည်း အိပ်စက်မှုကိုထိခိုက်စေနိုင်ပြီး နေ့စဉ်လုပ်ဆောင်မှုများကို ထိခိုက် စေနိုင်ပါသည်။ ထို့အပြင်ရေနွေးကြမ်းကိုအလွန်အကျွံသောက်သုံးမိပါက အသည်းထိခိုက်နိုင်ပြီး အသည်းရောဂါများကိုခံစားရစေနိုင်ပါသည်။ လူတစ်ဦးလျှင်တစ်နေ့လျှင်ရေနွေးကြမ်းကို(၄) ခွက် ထက်ပို၍မသောက်သုံးသင့်ပါ။ ရေနွေးကြမ်းတွင်ပါသော ဒြပ်ပေါင်းများက ကယ်လ်ဆီယမ်စုပ်ယူမှုကို ဟန့်တားသောကြောင့်အရိုးပွခြင်း၊ အရိုးကျိုးလွယ်ခြင်းများလည်းခံစားရနိုင်ပါသည်။ ထို့ကြောင့် ရေနွေးကြမ်းသည်ဆေးဖက်ဝင်တယ်ဆိုသော်ငြားလည်း ယခုလိုမျိုးကျန်းမာရေးထိခိုက်မှုများ ရှိစေ နိုင်သောကြောင့် ရေနွေးကြမ်းကို သတိထားသောက်သုံးသင့်ပါသည်။
DOCA(မန္တလေး)