
ဖရဲသီးတွင်ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်သဖြင့် အရည်ရွှမ်းပြီး ချိုမြသောအရသာရှိသော ကြောင့် စားသုံးပါက ရင်ကိုအေးမြစေပြီး ရေငတ်ပြေစေကာ ခန္ဓာကိုယ်အတွင်းရှိ အပူရှိန်ကိုလည်း လျှော့ချ ပေးနိုင်ပါသည်။ ထို့အပြင် ခန္ဓာကိုယ်အတွင်းရှိ ဆုံးရှုံးသွားသောရေဓာတ်ကို ပြန်လည်ဖြည့် တင်းပေး ပြီး လူကိုလည်းလန်းဆန်းအမောပြေစေပါသည်။ ဖရဲသီးတွင် အဆီနှင့်ကိုလက်စထရော လုံးဝမပါရှိဘဲ ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင်ခြင်းက ထူးခြားလှပါသည်။ အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီနှင့်ဗီတာမင်စီဓာတ်ပေါများစွာ ပါဝင်ပြီး ကယ်လ်လိုရီအလွန်နည်းသောကြောင့် အာဟာ ရလည်းဖြစ်စေပါသည်။ ဖရဲသီးကို အပူချိန်များသော နွေရာသီကာလများတွင် ပို၍စားသုံးပေးသင့် ပါသည်။ ဖရဲသီးကိုစားသုံးပေးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိစေနိုင်ပြီး နှလုံးကျန်း မာရေးကောင်းမွန်ခြင်း၊ ကျောက်ကပ်ကျန်းမာခြင်း၊ အမြင်အာရုံတိုးတက်ကောင်းမွန်ခြင်း၊ သွေးတိုး ရောဂါကိုသက်သာစေခြင်း၊ အသားအရေဝင်းပစေခြင်း၊ အရိုးကျန်းမာသန်စွမ်းခြင်း၊ ကြွက်သားများ နာကျင်မှုကိုခုခံပေးခြင်းနှင့် ပန်းနာရောဂါကိုတိုက်ဖျတ်ပေးခြင်းစသည့် အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ပါသည်။ ဖရဲသီးတွင်ဗီတာမင်စီများစွာပါဝင်သဖြင့် အအေးမိတုပ်ကွေးရောဂါများကို အလွယ်တကူမဖြစ်ပေါ်စေဘဲ ကိုယ်ခံစွမ်းအားကိုလည်းမြှင့်တင်ပေးကာ အနာများကိုလည်း လျှင်မြန် စွာကျက်စေနိုင်ပါသည်။ သွားနှင့်ခံတွင်းကိုလည်းကျန်းမာစေပါသည်။ ဖရဲသီးထဲရှိ အချိုဓာတ်သည် အင်ဆူလင်ကိုထိန်းညှိပေးပြီး သွေးထဲရှိသကြားပမာဏကိုကျစေသဖြင့် ဆီးချိုရောဂါရှိသူများအနေ ဖြင့်လည်းစားသုံးပေးသင့်ပါသည်။ ဖရဲသီးတွင်ရေဓာတ်ကြွယ်ဝစွာ ပါဝင်သဖြင့် ဖရဲသီးစားသုံးပေး ခြင်းဖြင့် မကြာခဏဆီးသွားစေပြီးကျောက်ကပ်ကိုသန့်စင်စေကာ ဆီးကျောက်တည်ခြင်းမှလည်း ကာကွယ်ပေးပါသည်။ ဗီတာမင်အေပါဝင်ခြင်းကြောင့် ကြက်မျက်သင့်ရောဂါ၊ မျက်စိအတွင်းတိမ် ဖြစ်ခြင်းစသည့်မျက်စိရောဂါအမျိုးမျိုးအပြင် ဖရဲသီးတွင် ပါဝင်သော ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် ဓာတ်များကြောင့် သွေးတိုးရောဂါကိုလည်း သက်သာစေနိုင်ပါသည်။ ဖရဲသီးတင်မကဘဲ ဖရဲသီးအစေ့ (ကွာစေ့)သည်လည်းကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော ပရိုတင်း၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓာတ်နှင့်ဖော့စဖိတ် စသည့်အာဟာရဓာတ်များစွာပါဝင်ပါသည်။ ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျန်းမာရေးအတွက်ကောင်းကျိုးများစွာပြုသောဖရဲသီးမှာ တစ်လုံး လုံးအ သုံးဝင်ပါသည်။ ဖရဲသီးအသားကိုလူသားတို့စားသုံးကြသည်သာမက ဖရဲစေ့ကိုလည်း (ကွာစေ့) ပြုလုပ်၍စားသုံးကြပါသည်။ ထို့အပြင် ဖရဲသီးအခွံများကိုလည်း နွားများကြိုက်နှစ်သက်ပြီး တိရစ္ဆာန် အစာအဖြစ်လည်းအသုံးဝင်ပါသည်။ ကျန်းမာရေးအတွက်အကျိုးပြုရုံသာမက တစ်လုံး လုံးအသုံးဝင် သောဖရဲသီးအကြောင်းကို စာပေများမှ လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)