အသားအရေလှပသောနံ့သာဖြူ

Powered by Drupal
Mon, 06/23/2025 - 13:10 -- consumer_admin

     မြန်မာလူမျိုးတိုင်းနှင့် ရင်းနှီးပြီးသားဖြစ်သော နံ့သာဖြူကို အမွှေးနံ့သာအဖြစ် အသုံးပြု ၍ရသလို  အသားအရေလှပဖို့အတွက်လည်း အသုံးပြုကြကြောင်း သိရှိရသည်။ နွေအပူရှိန်ကြောင့် အသားအရေပူစပ်စပ်ဖြစ်လျှင် နံသာဖြူကို ခပ်ပါးပါးလေး အရေပြားပေါ်တွင် လိမ်းပေးခြင်းဖြင့် အသားအရေကို အေးမြစေကြောင်း၊ ဝက်ခြံကြောင့် အရေပြားရောင်ရမ်းခြင်း၊ ထိခိုက်ဒဏ်ရာကြောင့် အရေပြားရောင်ရမ်းခြင်းနှင့် အသားအရောင် ညီစေရန်အတွက် အသားအရေမညီညာ ဖြစ်သည့် နေရာများတွင် ပုံမှန်နံ့သာဖြူကို လိမ်းပေးခြင်းဖြင့် သက်သာစေကြောင်း၊ မျက်နှာမှ အမဲစက်များ ပျောက်၍ အသားအရေကို ကြည်လင်ဝင်းပစေခြင်း၊  နံ့သာဖြူကို ပုံမှန်လိမ်း ပေးခြင်းဖြင့် အသား အရေကို ကြည်လင်ချောမွေ့စေပြီး အရေပြား ဓာတ်မတည့်သောကြောင့်် နီမြန်း၍ ရောင်ရမ်း တာများကိုလည်း သက်သာပျောက်ကင်းကြောင်း သိရှိရသည်။ နံ့သာဖြူသည် အရေပြားကို အေးမြ စေပြီး အရေပြားအတွက် လိုအပ်သော အာဟာရများကို ဖြည့်ဆည်းပေး၍ ဓာတုဆေးကင်းပြီး သဘာဝအတိုင်း အသားရေကြည်လင် Glow စေသော Skin Care ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် မြင်းခြံမြို့ရှိ မြန်မာတိုင်းရင်းဆေးဆိုင်များတွင် ရောင်းချနေသော နံ့သာဖြူ တစ်တုံးလျှင် (၄၀၀၀-၆၀၀၀) ကျပ် ပေါက်ဈေးများရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)