ကန်စွန်းရွက်အကြောင်း သိကောင်းစရာ

Powered by Drupal
Mon, 06/23/2025 - 12:49 -- consumer_admin

  ကန်စွန်းရွက်တွင် ဗီတာမင်နှင့် သတ္တုဓာတ်တွေ ပေါကြွယ်ဝသည်။ ကန်စွန်းရွက်တွင် ပါသော ဓာတ်များမှာ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်B1၊ ဗီတာမင်B2၊ ဗီတာမင်B3၊ ဗီတာမင် B5၊ ဗီတာမင်B6 ၊ ဗီတာမင်B9၊ ဗီတာမင် C ၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စပရပ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ဇင့်ဓာတ်တွေ ပါဝင်ပါသည်။

     ကန်စွန်းရွက်စားသုံးခြင်းဖြင့် သွေးအားနည်းရောဂါမှ ကာကွယ်ပေးကာ သွေးအားကောင်း စေခြင်း၊ ကင်ဆာရောဂါမဖြစ်အောင် တားဆီးပေးခြင်း၊ ဆံကေသာကို အားဖြည့်ပေးခြင်း၊ နှစ်ခြိုက် စွာ အိပ်ပျော်စေခြင်း၊ ဝမ်းမှန်စေသော သဘာဝဓာတ်စာ၊ အရေပြားကို  လှပစေခြင်း၊ အမြင်အာရုံကို အထောက်အကူပြုခြင်း၊ အသည်းပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း၊ နာတာရှည်ရောဂါမဖြစ်အောင် တားဆီးပေးခြင်း၊ ဆီးချိုရောဂါအတွက် ကောင်းမွန်ခြင်းတို့ကို အထောက်အကူပြုစေသည်။ ကန်စွန်းရွက်ကို သုပ်စားခြင်း၊ အရည်ဖျော်သောက်ခြင်းနှင့် အစိမ်းတို့စားခြင်းတို့ ရှိကြပါသည်။ ကန်စွန်းရွက် အစိမ်းစားမယ်ဆိုရင် သံဥတွေ ကပ်ပါးပိုးတွေ ပါလာနိုင်သောကြောင့် ကန်စွန်းရွက်ကို ရေသေချာဆေးကြောပြီးမှ စားသုံးသင့်ပါသည်။ ပိုးသတ်ဆေးဖြန်းထားတဲ့ ကန်စွန်းရွက်တွေရှိ ကောင်းရှိနိုင်ပါတယ်။ ဒါကြောင့် အိမ်သုံးဆားဖြင့် ရေခဏတာစိမ်ဖို့လိုပါတယ်။ ဒါမှသာ ကပ်ပါ လာသော သံဥတွေ၊ ကပ်ပါးပိုးတွေ ဖယ်ရှားပေးဖို့လိုသည်။

   ကန်စွန်းရွက်များကို ကြက်မောက်တောင်၊ ‌ညောင်ဖြူပင်ကျေးရွာ၊ ကိုင်းကျေးရွာများတွင် စိုက်ပျိုးပြီး ကန်စွန်းရွက်တစ်စည်းလျှင် (၇၀)ကျပ်နှင့် အစည်းတစ်ရာကို (၆၀၀၀)ကျပ်နှုန်းဖြင့် ကျောက်ပန်းတောင်းမြို့နယ် ၊ မြို့မစည်ပင်သာယာဈေးရှိ ပျံကျဈေးတွင် လာရောက်ရောင်းချလျက် ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)