
ကြောင်ပန်းရွက်သည် နှစ်မျိုးရှိသည်။ အရွက်ကို ခွဲ၍သက်မှတ်ကြသည်။ ကြောင်ပန်းကြီး သည်အရွက်(၅)ရွက်စုထွက်ပြီး အရွက်ရှည်ကာချွန်ပြီး အရောင်မှာအညိုရောင်ဖြစ်သည်။ ကြောင်ပန်း ငယ်သည် အရွက်(၃)ရွက်ထွက်ပြီး အရွက်သည်ခတ်ဝိုင်းဝိုင်းအသွင်ရှိသည်။ အပွင့်အရောင်အသွေး ကိုစွဲ၍ ဖြူနီပြာစသည့်ဖြင့် အမျိုးကွဲပြားမှုရှိသည်။ ခါး၊ ဖန်၊ ပူ အရသာရှိခြင်း၊ အနံ့ ပြင်းခြင်းတို့ရှိ သည်။ ကြောင်ပန်းငယ် လက်နှစ်ဆုပ် ၊ ဓာတ်ဆီအကြမ်းပန်းကန်(၁)လုံး၊ သံပုရာသီး (၁)လုံးအရည် ညှစ်၍ ထို(၃)မျိုးကို သန့်စင်သောဆုံတွင်ထုထောင်းချေမွပြီး အဝတ်သန့်သန့်ဖြင့် အရည်စစ်ယူ၍ အကြောကပ်၊လေဖြန်း၊ လေဖြတ်သူတို့ နှိပ်နယ်လိမ်းကျံပေးပါက တစ်ပတ်အတွင်း သိသိသာသာ သက်သာပျောက်ကင်းစေနိုင်သည်။ ထို့အပြင် ကလေးကျောပူ၊ခေါင်းပူသက်သာစေနိုင်ခြင်း၊ အကြော ရောဂါ၊ နားပြည်ယိုရောဂါ၊ ဖောရောင်၊ အနာပေါက်၊ အရေးပြားရောဂါတို့ကိုသက်သာ ပျောက်ကင်း စေနိုင်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)