ငရုတ်သီးအကြောင်းသိကောင်းစရာ

Powered by Drupal
Fri, 06/13/2025 - 15:20 -- consumer_admin

     ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းမွန်ခြင်း၊ ပိုးမွှားကျရောက်မှုနည်းပါးခြင်းတို့ကြောင့်ငရုပ်သီးအထွက်နှုန်းသည် ပြီးခဲ့သောနှစ်ထက်အထွက်နှုန်း ၁၅% ခန့်တိုးတက်လာသည်။ကယားပြည်နယ်မှ ငရုတ်သီးများသည် ပူစပ်မှုနှုန်းမြင့်မားပြီး အရောင်အသွေးစူးရှလှသည့်အတွက် ပြည်ပဈေးကွက်တွင်အထူးလူ ကြိုက်များလှပါသည်။ကယားပြည်နယ်တွင် ငရုတ်သီးကို ဒီမောဆို၊ ဖားဆောင်း နှင့် လွိုင်ကော် စသည့် ဒေသများတွင် အဓိကထားစိုက်ပျိုးသော်လည်း ယခင်နှစ်ကမူ ဒေသတွင်းနယ်မြေမငြိမ်သက်မှုများကြောင့် စိုက်ပျိုးသည့်တောင်သူများ နည်းပါးခြင်းကြောင့် အထွက်နှုန်းသိသိသာသာ ကျဆင်းခဲ့သော်လည်း ယခုနှစ်တွင်မူ တောင်သူအများစုမှငရုတ်သီးကို ပြန်လည်စိုက်ပျိုးလာသည့်အတွက် ဒေသတွင်းငရုတ်သီး ဈေးနှုန်းများ ကျဆင်းလာကြောင်း သိရှိရပါတယ်။

    ကျန်းမာရေးအကျိုးကျေးဇူးများ အနေဖြင့်  ငရုတ်သီးတွင် ဗီတာမင် C ဗီတာမင် A နှင့်အခြားအာ ဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပြီး ငရုတ်သီး၏ပူစပ်မှုသည် ကပ်ပါးပိုးမွှားများကိုတိုက်ဖျက်ရာတွင် အထောက်အကူပြုပါသည်။ သို့သော်လည်း ငရုတ်သီးကိုအလွန် အကျွံစားသုံးပါက အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာပြဿနာများ ဖြစ်ပေါ်နိုင်သဖြင့် သင့်တင့်မျှတစွာ စားသုံးသင့်ကြောင်း အကြံပြုလိုပါသည်။

DOCA(ကယား)