စမုန်နက်စေ့ဆီ အသုံးဝင်ပုံ

Powered by Drupal
Fri, 06/13/2025 - 15:18 -- consumer_admin

   စမုန်နက်စေ့ဆီကို လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက အနာကျက်စေရန်၊ ရောင်ရမ်း မှုကိုလျော့ကျစေရန်နှင့် ကင်ဆာရောဂါကာကွယ်စေနိုင်ရန် အသုံးပြုခဲ့ကြပါသည်။ ထို့အပြင် စမုန် နက်စေ့ဆီကို သွားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ သန်ထခြင်း၊ နှာခေါင်းပိတ်ခြင်း၊ မျက်စိနာခြင်းနှင့် ပြည်တည်အနာများအတွက်ပါအသုံးပြုနိုင်ပါသည်။ စမုန်နက်စေ့ဆီတွင် ဖော့စဖောရက်စ်၊ မဂ္ဂနိစ်၊ သီရာမင်း၊ သံဓာတ်၊ ဇင့်ဓာတ်၊ ကော့ပါး၊ ကယ်လ်ဆီယမ်၊ ဗီတာမင်အေနှင့်ပိုတက်ဆီယမ်တို့ပါဝင် ပါသည်။ စမုန်နက်စေ့ဆီသည် ရောင်ရမ်းမှုကိုလျော့ကျစေနိုင်သလို ကင်ဆာကိုတိုက်ဖျတ ်ပေးနိုင်ပြီး မှိုပိုးများကိုလည်းသေစေနိုင်ပါသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝစွာပါဝင် သောကြောင့် ဘတ်တီးရီးယားပိုးမွှားများကိုသေစေနိုင်စွမ်းရှိပါသည်။ မျက်လုံးကိုကျန်းမာစေပြီး အမြင်အာရုံလည်း ကောင်းစေပါသည်။ စမုန်နက်စေ့ဆီသည် ခန္ဓာကိုယ်၏သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးမတိုး အောင်ကာကွယ်ပေးနိုင်ပါသည်။ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်သလို အင်ဆူလင် ပမာဏကိုလည်းထိန်းညှိပေးနိုင်ပါသည်။ စမုန်နက်စေ့ဆီသည် ဓာတ်မတည့်မှုများကိုသက်သာ စေနိုင်သလို နှာခေါင်းပိတ်ခြင်း၊ နှာစေးခြင်းနှင့် အသက်ရှူလမ်းကြောင်းနှင့်ဆိုင်သောဝေဒနာများကို လည်းသက်သာပျောက်ကင်းစေပါသည်။ ပန်းနာရင်ကျပ်ဝေဒနာခံစားနေရသူများအတွက် အဆုတ် ၏လုပ်ဆောင်ချက်များကိုတိုးတက် စေနိုင်ပြီး  ချောင်းဆိုသူများအတွက်လည်း စမုန်နက်စေ့ဆီကို သောက်သုံးပေးခြင်းဖြင့်  ဝေဒနာကိုသက်သာစေနိုင်ပါသည်။ စမုန်နက်စေ့ဆီကိုနေ့တိုင်းသုံးစွဲပေး ခြင်းဖြင့် သွေးကင်ဆာ၊ ရင်သားကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် ကျောက်ကပ်ရောဂါများကို လျှော့ချပေးနိုင်ပါသည်။ စမုန်နက်စေ့ဆီကို ဆံသားတွင်လိမ်းပေးခြင်းဖြင့် ဗောက်များကိုကင်းစင် စေပြီး ဆံပင်ကိုနတ်မှောင်သန်စွမ်းစေပါသည်။ စမုန်နက်စေ့ဆီကို အရေပြားပေါ်တွင်လိမ်းပေးခြင်း ဖြင့် အသားအရေခြောက်သွေ့မှုမှကင်းဝေးစေပြီး အစိုဓာတ်ကိုထိန်းသိမ်းပေးပါသည်။ အရေပြား ရောင်ရမ်းခြင်း၊ နီမြန်းခြင်း၊ ယားယံခြင်းကိုလျော့ပါးသက်သာစေပြီး နှင်းခူနှင့်အခြားအရေပြား ပြဿာနာများကိုလည်းသက်သာစေနိုင်ပါသည်။  အမျိုးသမီးများ ရာသီလာချိန်တွင်ဖြစ်တတ် သော နာကျင်ကိုက်ခဲမှုဝေဒနာကိုလျော့ပါးအောင်လည်းအထောက်အကူ ပြုစေပါသည်။ ဘတ်တီးရီးယား ပိုးကူးစက်မှုကြောင့် လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်းများကို လည်းသက်သာစေပါသည်။ စမုန်နက်စေ့ဆီနှင့်ပတ်သတ်၍သတိထားရ၍ မည့်အချက်များ လည်းရှိပါသည်။ စမုန်နက်စေ့အဆီကို အလွန်အကျွံသောက်သုံးခြင်းများ ၊ အစားအသောက်ထဲ တွင်ထည့်စားသည့် အခါတွင်လည်း တော်သင့်ရုံသာ စားသုံးသင့်ပါသည်။ အချို့သူများသည် စမုန်နက်စေ့နှင့်ဓာတ်မတည့်ခြင်းများ ရှိသည့်အတွက် အရေပြားယားယံခြင်းမျိုးလည်းရှိတတ် ပါသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၊ နို့တိုက်မိခင်များနှင့် ဆီးချိုဝေဒနာရှိသူများ၊ အင်ဆူလင်မှီဝဲနေရသူများအနေဖြင့် စမုန်နက်စေ့ဆီကို သုံးစွဲရန်မသင့် ကြောင်း သိရှိရသည်။

DOCA(မန္တလေး)