
ဂျင်ဆင်းဥသည် ချိုမြိန်ပြီးပူစပ်သော အရသာရှိသည့် ခန္ဓာကိုယ်ကိုအားဖြည့်ပေးသည့် အင်အားကိုတိုးပွားစေခြင်း၊ ခန္ဓာကိုယ်အတွင်းရှိဓာတ်များကို ညီညွတ်စေခြင်း နုံးချည့်အားနည်းခြင်းကို ပျောက်ကင်းစေပြီး ဖောရောင်ခြင်းကိုလျော့ကျစေခြင်းတို့ကို သက်သာစေနိုင်သည်။ ဂျင်ဆင်းအရွက် သည် ပြည်တည်နာရောင်ရမ်းခြင်းကို သက်သာစေခြင်း၊ နို့ထွက်ကောင်းစေခြင်းတို့ ဖြစ်ပါသည်။ ဂျင်ဆင်းမြစ်သည် အဆုတ်ကိုအားဖြည့်ပေးခြင်း ဖျားနာပြီးပြန်ကောင်းလာသူများ ဖြစ်လေ့ရှိသည့် အားနည်းခြင်း၊ ဆီးချုပ်၊အလွန်အမင်းချွေးထွက်ခြင်း၊ ခေါင်းမူးခေါင်းကိုက်၊ ချောင်းဆိုးသွေးပါခြင်းကို သက်သာစေနိုင်သည်။ ဂျင်ဆင်းအရွက်နုနှင့် အဖူးအငယ်များကို ပြုတ်ပြီး ငါးပိရည်နှင့်တို့စား သုပ် စားလျှင် အရသာကောင်းမွန်ပြီး ဗီတာမင်ဓာတ်ကြွယ်ကာ ဆီးချိုရောဂါ အဖျားပြန်ကောင်းကာစ သူများအတွက် အာဟာရပြည့်ဝသော အစားအစာဖြစ်ပါသည်။ ဥနှင့်အမြစ်သည် ခွန်အားတိုးပွားစေ သောဆေးအဖြစ်အသုံးပြုကြသည်။ အမြစ်ခြောက်ကို အရက်နှင့်စိမ်၍သောက်ပေးပါက ကိုယ်ခန္ဓာ အားကောင်းစေခြင်း ဟင်းချိုအဖြစ်ချက်ပြုတ်စားသုံးပါက အူလမ်းကြောင်းဆိုင်ရာရောဂါများကို သက်သာစေပြီး အသက်ရှည်နုပျိုစေခြင်းကြောင့် ဂျင်ဆင်းသည် အရသာကောင်းမွန်သော ဟင်းသီးဟင်းရွက် တစ်မျိူးဖြစ်ပြီး ဟင်းနုနွယ်အစားထိုး စားသုံးနိုင်ကြေင်းသိရှိရသည်။
DOCA(မန္တလေး)