ကော်ဖီကြိုက်တတ်သူအများစုက သူတို့ရဲ့နေ့တစ်နေ့တာကို ကော်ဖီမပါဘဲ ဖြတ်သန်းကြတယ်ဆိုတာ အလွန်ရှားပါးလှပါတယ်၊ ကော်ဖီ ဆိုတာနဲ့ ကဖင်းဓာတ် လို့ အသိများကြပါတယ်၊ ကော်ဖီမှာ ကဖင်းဓာတ်အပြင် အရွယ်တင်နုပျိုစေတဲ့ antioxidantဓာတ်တွေနဲ့ ခန္ဓာကိုယ်အတွင်းပိုင်း ရောင်ရမ်းတာကို သက်သာစေတဲ့အရာတွေလည်း ပါဝင်ပါတယ်။ ကော်ဖီရဲ့ထူးခြားချက်တစ်ခုက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါအချို့ကို ကာကွယ်ပေးနိုင်တဲ့အပြင် အယ်လ်ဇိုင်းမားရောဂါနဲ့ နှလုံးရောဂါ အချို့ကိုလည်း ကာကယ်ပေးနိုင်တယ်လို့လည်း သိရပါတယ်။ အဲတာကြောင့် ကော်ဖီသောက်သုံးခြင်းရဲ့ ကောင်းကျိုး ၊ ဆိုးကျိုးတွေက ဘာတွေလဲဆိုတာ ရေးသား ပေးလိုက်ရပါတယ်၊
ကော်ဖီသောက်ခြင်းရဲ့ ကောင်းကျိုးတွေကတော့ ....အသက်အန္တရာယ်ရှိတဲ့ ရောဂါတွေရဲ့ ဖြစ်ပွားနှုန်းကို နည်းစေပြီး အသက်ပိုရှည်စေပါတယ်၊ လေ့လာချက်အရ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုသွေးချိုနဲ့ ကျောက်ကပ်ရောဂါများကြောင့် သေဆုံးနှုန်းဟာ ကော်ဖီသောက်သုံး တဲ့အမျိုးသမီးအများစုမှာ ပိုနည်းတာကို တွေ့ရပါတယ်၊ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်၊ နှလုံးအားနည်းတဲ့ ရောဂါများဖြစ်ခြင်းကို လျော့ကျစေပါတယ်၊ နှလုံးအားနည်းပြီး သွေးလုံလောက်အောင်မညှစ်ပေးနိုင်လို့ ရုတ်တရက် နှလုံးရပ်သေဆုံးတဲ့ဖြစ်စဉ်ကို လေ့လာကြည့်တဲ့အခါမှာ နေ့စဉ် ကော်ဖီ ၁ ခွက်/ ၂ ခွက် သောက်တဲ့သူတွေမှာဆိုရင် ဖြစ်နိုင်ခြေ နည်းတယ်လို့ တွေ့ရှိရပါတယ်။ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုစေနိုင်ပြီး ပါကစ်ဆန် ရောဂါ ( Parkinson’s disease ) ဖြစ်တာကနေ ကာကွယ်ပေးနိုင်ပါတယ်။ Parkinson’s disease ဖြစ်သူတွေမှာလည်း လှုပ်ရှားမှုတိုးတက်ဖို့အတွက် အထောက်အကူပြုပါတယ်။ အသည်းအင်ဇိုင်းကို ပုံမှန်အတွင်းထိန်းပေးထားပြီး အသည်းကိုလည်း ကျန်းမာစေပါတယ်။ ကော်ဖီခါးခါးသောက်လေ့ ရှိတဲ့သူတွေမှာဆို ဆဲလ်တွေပျက်ဆီးတာကို လျော့ကျစေပြီး ကင်ဆာနဲ့ အချို့အလုံးအကျိတ်များ ဖြစ်ပွားခြင်းကို လျော့နည်းစေပါတယ်။ အူမကြီးကင်ဆာဖြစ်တာကိုလည်း လျော့ကျစေပါတယ်။ ပုံမှန်အားဖြင့် အမျိုးသမီး (၂၃) ယောက်မှာ (၁) ယောက်နှုန်းဟာ အူမကြီးကင်ဆာဖြစ်နိုင်ခြေရှိပြီး ကော်ဖီသောက်သုံးတဲ့သူတွေမှာတော့ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ၂၆% ထိလျှော့ချ ပေးနိုင်တယ် လို့ လေ့လာသုံးသပ်ချက်တွေမှာ တင်ပြထားတာတွေ့ရပါတယ်။ အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်း ကိုလည်း နည်းစေပါတယ်။ အသက် (၆၅)နှစ်နဲ့ အထက် အမျိုးသမီးတွေမှာ တစ်နေ့ကို ကော်ဖီ (၂-၃) ခွက် သောက်သုံးခြင်းဟာ စိတ်ကစဉ့်ကလျားဖြစ်နှုန်း နည်းစေတာတွေ့ရပါတယ်။ တစ်နေ့ ကော်ဖီတစ်ခွက် ပုံမှန်သောက်သုံးရင် အမျိုးသမီးတွေမှာ သေဆုံးနှုန်းအများဆုံးထဲက လေးခုမြောက် ဖြစ်တဲ့ လေဖြတ်တာကို ကာကွယ်ပေးနိုင်တယ် လို့လည်း သိရှိရပါတယ်၊၊
အမေရိကန်နိုင်ငံ အစားအသောက်ဆိုင်ရာလမ်းညွှန်ချက်များ ( Dietary Guidelines for Americans) အရ တစ်နေ့ကို ကော်ဖီ ၃ ခွက်မှ ၅ ခွက်ထိ သောက်သုံးနိုင်ပြီး ကဖင်းဓာတ်အားဖြင့် ၄၀၀ မီလီဂရမ်ခန့် သောက်သုံးနိုင်ပါတယ်။ ကော်ဖီအလွန်အကျွံသောက်သုံးတဲ့အခါ နှလုံးခုန်နှုန်းမြန် တာ၊ သွေးဖိအားမြင့်လာတာ၊ စိတ်လှုပ်ရှားတာနဲ့ အိပ်မပျော်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေမှာဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ ကော်ဖီကို သောက်သုံးသင့်ပါတယ်။ ကော်ဖီချစ်သူတို့ရေ…. ကော်ဖီကိုချစ်သလို ကိုယ့်ကိုယ်ကိုလည်း ချစ်ဖို့ လိုတာမို့ တန်ဆေး လွန်ဘေးဆိုသလို ကဖင်းဓာတ်လေးကို ချင့်ချိန်သောက် ပေးကြပါနော်.............
Ref; Google
DOCA(ရှမ်း)