
ပျဉ်းတော်သိမ်ရွက်သည် အိန္ဒိယဟင်းလျာများထဲတွင် မပါမဖြစ်ထည့်သွင်း ချက်ပြုတ် လေ့ရှိသည့်ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပါသည်။အသားဟင်း၊ ပဲဟင်းနှင့် သတ်သတ်လွတ် ဟင်းလျာများထဲတွင် ထည့်သွင်းချက်ပြုတ်လေ့ရှိပါသည်။ ပျဉ်းတော်သိမ်ရွက်သည် နုစဉ်တွင် စိမ်းဖန့်ဖန့် အရောင်ရှိပြီး ရင့်လာချိန်တွင် အစိမ်းရောင်ရင့်ရင့်အဖြစ်ပြောင်းလဲလာပါသည်။ အရွက်နုလေးများကို အတို့အမြှုပ်အဖြစ်စားသုံးလေ့ရှိပြီး အရွက်ရင့်များကို ဟင်းခတ်အမွှေး အကြိုင်အဖြစ် အသုံးပြုလေ့ရှိပါသည်။ အပင်၏အမြင့်သည် (၃)မီတာမှ(၄)မီတာလောက် အထိရှိပြီး အရသာစူးရှပြီး အနံ့ပြင်းပါသည်။ ပျဉ်းတော်သိမ်ရွက်သည် အူသိမ်၏လုပ်ဆောင်မှု များကိုတိုးတက်စေပြီး ကင်ဆာကိုလည်း တိုက်ဖျတ်ပေးပါသည်။ ပျဉ်းတော်သိမ်ရွက်သည် ကျောက်ကပ်ပြဿာနာများကို ဘေးထွက်ဆိုးကျိုး မရှိဖြေရှင်းပေးပြီး မိသားစုတွင်ကျောက်ကပ် ရောဂါ ရာဇဝင်ရှိသူများအနေဖြင့် ပျဉ်းတော်သိမ်ရွက်ကို စားသုံးပေးသင့်ပါသည်။ ကျောက်ကပ် ရောဂါကင်းဝေးစေရန်အတွက် နေ့စဉ်စားသည့်အစား အသောက်ထဲတွင် ပျဉ်းတော်သိမ်ရွက် ကိုထည့်သွင်းစားသုံးပေးသင့်ပါသည်။ အစာမကြေခြင်း၊ ဆီးချိုရောဂါနှင့် အခြားအစာအိမ် ပြဿာနာများကိုလည်း သက်သာစေပါသည်။ ပျဉ်းတော်သိမ်သည် အရွက်သာမက အခြားအပင်အစိတ်အပိုင်းများမှာလည်း ဆေးဖက်ဝင်ပါသည်။ ပျဉ်းတော်သိမ်ရွက်ကို ရေနွေးထဲထည့်ပြီးသောက်သုံးခြင်းအားဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် ခံစားရသည့်မအီမသာ ဖြစ် ခြင်းများကိုလည်း သက်သာစေနိုင်ပါသည်။ ပျဉ်းတော်သိမ်သည် ဝမ်းလျှောခြင်းကို သက်သာစေနိုင် သော သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးလည်းဖြစ်ပြီး အစာမကြေခြင်းကြောင့် မအီမသာဖြစ်ခြင်း များကိုလည်း သက်သာစေနိုင်သည့် အာနိသင်ရှိပါသည်။ ပျဉ်းတော်သိမ်ရွက်ကို သံပုရာရည်၊သကြား တို့နှင့်ဖျော်စပ်ပြီး သောက်သုံးလျှင် အစာမကြေခြင်း၊ မအီမသာ ဖြစ်ခြင်းများ ကိုလည်းသက်သာစေပါသည်။ ပျဉ်းတော်သိမ်ကိုနေ့စဉ်စားသုံးပေးခြင်းဖြင့် အမြင်အာရုံကို ကောင်းမွန်စေပြီးရေတိမ် မဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါသည်။ ဆံပင်ကိုနတ်မှောင် သန်စွမ်းပြီး ဆံသားကိုကျန်းမာ သန်စွမ်းစေရန် ပျဉ်းတော်သိမ်ရွက်ကို အုန်းဆီနှင့်ရောပြီး လိမ်းပေးနိုင်ခြင်းဖြင့် အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းမျိုးမဖြစ်အောင် လည်းကာကွယ်ပေးနိုင် ပါသည်။ ပျဉ်းတော်သိမ်ရွက်ကိုစားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် အကျိုးမပြုသော ကိုလက်စထရောကိုထိန်းချုပ်ပေးနိုင်ပြီး အဆီပိုကင်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ ထို့အပြင် ဓာတုကုထုံးများကြောင့် ဖြစ်ပေါ်လာသော ဆိုး ကျိုးများကိုလည်း လျော့နည်းအောင်အထောက်အကူပြုပါသည်။ ပျဉ်းတော်သိမ်ရွက်သည် ဆီးချို ဝေဒနာသည်များအတွက် အထူးသင့်လျော်သော ဆေးဖက်ဝင်အရွက်တစ်မျိုးဖြစ်ပြီး သွေးတွင်း အချိုဓာတ်ကိုထိန်းညှိပေးသောကြောင့် မနက်စာစားသည့်အခါပျဉ်းတော်သိမ်ရွက်အမှုန့်ကို ထည့် သွင်းစားသုံးပေးပါက ကောင်းမွန်သောရလဒ်ကိုဖြစ်စေနိုင်ပါသည်။ ပျဉ်းတော်သိမ်ရွက်တွင် ဓာတ် တိုးဆန့်ကျင်ပစ္စည်းများနှင့် alkaloid ပါဝင်သောကြောင့် အစာအိမ်လမ်းကြောင်းကို ကောင်းမွန် စေပြီး အစာခြေစနစ်ကိုလည်းတိုးတက်ကောင်းမွန်စေပါသည်။ ပျဉ်းတော်သိမ်သည် ဘတ်တီးရီး ယားနှင့် မှိုပိုးများကိုသေစေနိုင်သော အာနိသင်ရှိသည့်အပြင် ပျဉ်းတော်သိမ်ရွက်အဆီကို ပဋိဇီဝဆေး များတွင်လည်းထည့်သွင်းအသုံးပြုနိုင်ပါသည်။ ပျဉ်းတော်သိမ်ရွက်သည် အသည်းရောဂါများမှ လည်းကာကွယ်ပေးပြီး ပျဉ်းတော်သိမ်ရွက်ကြိတ်ထားသည့်အနှစ်ကို အပူလောင်နာ၊ ပြတ်ရှဒဏ်ရာ၊ အင်းဆက်ပိုးမွှားများကိုက်သည့် ဒဏ်ရာများတွင် အသုံးပြုပေးလျှင် အနာကျက်မြန်စေပြီး အနာကို ပိုးမဝင်အောင်လည်း တားဆီးပေးနိုင်ပါသည်။ ထို့ကြောင့် ပျဉ်းတော်သိမ်ရွက်သည် ကျန်းမာရေး အကျိုးကျေးဇူးများသောကြောင့် လိုအပ်သလိုအသုံးပြု၍ ရနိုင်ပါသည်။
DOCA(မန္တလေး)