ဒိန်ချဉ်နှင့်ကျန်းမာရေး

Powered by Drupal
Fri, 06/13/2025 - 13:25 -- consumer_admin

    ဒိန်ချဉ်သည် ပရိုတင်း၊ ကယ်လ်စီယမ်၊ ဗီတာမင်များနှင့် ပရိုဘိုင်အိုတစ်များစွာ ပါဝင်သော ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံးဆေးဖက်ဝင်အာဟာရတစ်မျိုးဖြစ်ပါသည်။ လူသားအားလုံးကျန်း မာပြီး ကမ္ဘာမြေကြီး ရေရှည်တည်တံ့မည့်အစားအသောက်ပုံစံတွင် နို့ထွက်ပစ္စည်းအစားအစာကို တစ်နေ့လျှင်(၂၅၀)ဂရမ် ပါဝင်ရည်မှန်းထားကာ တစ်ရက်လျှင်ဒိန်ချဉ်(၁)ခွက်စားသုံးရန် အကြံပြု ထားပါသည်။ ဒိန်ချဉ်သည်နှလုံးကျန်းမာရေးအတွက်အထူးကောင်းမွန်ခြင်း၊ နှလုံးသွေးကြောဆိုင် ရာရောဂါများကြောင့် သေဆုံးနိုင်ခြေလျော့နည်းခြင်း၊ ဒိန်ချဉ်ကိုရေရှည်စားသုံးလျှင်သွေးပေါင်ချိန် နှင့် ကိုလက်စထရောကိုထိန်းညှိနိုင်ပြီး ကိုယ်အလေးချိန်တိုးခြင်းမှလည်းတားဆီးပေးနိုင်ပါသည်။ ဒိန်ချဉ်တွင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်B12၊ ဗီတာမင်B2နှင့်အခြားသတ္ထုဓာတ်များသည် ကျန်းမာရေးအတွက်ကိုယ်ခံအားကိုမြှင့်တင်ပေးပါသည်။ အရိုးနှင့်သွားများကျန်းမာရန် ကြွက်သား များနှင့်အာရုံကြောများကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်အတွက် ကယ်လ်စီယမ်ဓာတ်များစွာ ပါဝင်သော ဒိန်ချဉ်ကိုနေ့စဉ်သောက်သုံးပေးသင့်သည်။ ဒိန်ချဉ်ကိုနေ့စဉ်စားသုံးပေးခြင်းဖြင့် အစာ အိမ်အတွင်းရှိ အန္တရာယ်ရှိသော ဘက်တီးရီးယားများကိုသေစေပြီး  အစာခြေစနစ်ကိုပိုမိုကောင်း မွန်စေကာ ဝမ်းမှန်စေပါသည်။ ဗိုင်းရပ်စ်ကူးစက်မှုကြောင့်ဖြစ်သော သာမန်အအေးမိခြင်း၊ အစာအိမ် နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကို ထိရောက်စွာ ကာကွယ်တိုက်ဖျတ်ပေးနိုင်ပါသည်။ ကင်ဆာဖြစ်နိုင်ချေကိုလျှော့ချပေးပြီး အူမကြီး ကင်ဆာ၊ ဆီးအိမ် ကင်ဆာနှင့်ရင်သားကင်ဆာတို့မှလည်းကာကွယ်ပေးပြီး အချိုမပါသောဒိန်ချဉ် ကိုပုံမှန်စားသုံးပေးခြင်းဖြင့်သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးသဖြင့် ဆီးချို၊သွေးချိုရှိသူများ အတွက်အလွန် အသုံးဝင်သည်။ ဒိန်ချဉ်ကိုစားသုံးပေးခြင်းဖြင့် အရိုးကျန်းမာခြင်း၊ ရောင်ရမ်းမှုကိုလျော့ကျစေခြင်း၊သွေးတိုးနှင့်နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးခြင်း၊ အစားစား ချင်စိတ်နှင့်ကိုယ်အလေးချိန်ကို လျော့ကျစေခြင်း၊ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများ စွာကို ရရှိစေနိုင်ပါသည်။ DOCA(မန္တလေး)