အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Powered by Drupal
Tue, 07/26/2022 - 12:04 -- consumer_admin

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် ရန်ကုန် တိုင်းဒေသကြီး၊ သာကေတစက်မှုဇုန်ရှိ အမှန်ရှိ မြေဧရိယာ စတုရန်းပေ(၁၃၄၃၇.၅)ခန့်နှင့်   ယင်း မြေပေါ်ရှိ အဆောက်အဦတို့အား (၅)နှစ်သက်တမ်း (၁)နှစ် တစ်ကြိမ် စာချုပ် ချုပ်ဆို၍ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ငှားရမ်းမည် ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-

(က)       တင်ဒါပုံစံရောင်းချမည့်ရက်         -   (၂၆.၇.၂၀၂၂)ရက်မှ (၈.၈.၂၀၂၂)ထိ

( ခ )      တင်ဒါပိတ်မည့်နေ့/အချိန်           -   (၈.၈.၂၀၂၂)ရက် ညနေ( ၁၆:၀၀)နာရီ

( ဂ )      တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန်  -   (၁၁.၈.၂၀၂၂)ရက်နေ့၊ (၁၃:၀၀)နာရီ

(ဃ)       တင်ဒါတင်သွင်းရမည့်နေရာ        -   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်။

(င)        စာရင်းပေးသွင်းရမည့်နေရာ        -   ရုံးအမှတ်(၅၂)၊ နေပြည်တော်

(စ)        တင်ဒါစည်းကမ်းချက်များ           -   (၁၁.၈.၂၀၂၂)ရက်နေ့၊ (၁၀:၃၀)နာရီ

             ရှင်းလင်းမည့်ရက်/အချိန်/နေရာ       ရုံးအမှတ်(၅၂)၊ နေပြည်တော်

(ဆ)       တင်ဒါပုံစံရောင်းချမည့်နေရာ       -   စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊စီမံရေးရာဌာနခွဲ၊  အမှတ် (၂၂၈/၂၄၀)၊ ဒုတိယထပ်၊ကမ်းနားလမ်းနှင့်ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့။

(ဇ)        Depositပေးသွင်းနိုင်သည့်ဘဏ်   -   တင်ဒါစည်းကမ်းသတ်မှတ်ချက်ပုံစံတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။

၂။          စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတစက်မှုဇုန်ရှိ အမှန်ရှိ မြေဧရိယာ စတုရန်းပေ(၁၃၄၃၇.၅)ခန့်နှင့်   ယင်း မြေပေါ်ရှိ အဆောက်အဦတို့၏ မျက်မြင် အခြေအနေအား သက်ဆိုင်ရာ မြို့နယ်သို့ သွားရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ် အချက်အလက် များကို သိရှိလိုပါက တင်ဒါပုံစံ ဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂ သို့ ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ပါသည်။

                                                                                    တင်ဒါစိစစ်ရေးအဖွဲ့