
သင်္ဘောအဖိုပင်သည် ကျန်းမာရေးအတွက် ဆေးဖက်ဝင်အပင်ဖြစ်ပါသည်။ မြန်မာလူမျိုး အများစုသည် သင်္ဘောအဖိုရွက်နှင့်အပွင့်ကို ရေနွေးဖျောပြီးငပိရည်နဲ့တို့စားခြင်းနှင့်သုပ်စားလေ့ရှိ ကြသည်။ သင်္ဘောအဖိုရွက်မှာ အန်တီအောက်ဆီးဒင့် ဓာတ်တိုးဆန့်ကျင်ပေးတဲ့ ဓာတ်ပါဝင်ပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း၊ သွေးဥမွှာထုတ်လုပ်မှုကို လှုံဆော်ပေးတာကြောင့် သွေးအားနည်းသူတွေအတွက်ကောင်းစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ခန္ဓာ ကိုယ်ဟန်ချက်ညီစေနိုင်ခြင်း၊ အစာခြေစနစ်အတွက် ကောင်းမွန်စေပြီး အူလမ်းကြောင်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ခြင်း၊ ကိုယ်ခံအားကို မြှင့်တင်ပေးပြီးခန္ဓာကိုယ်ကို ပိုမို ကျန်းမာစေနိုင်ခြင်း၊ တချို့တွေကတော့ သင်္ဘောအဖိုရွက်ကို ရေနွေးကြမ်းတွင် လ္ဘက်ခြောက် အစားထည့်၍ ကျိုသောက်စေခြင်းဖြင့် ကျန်းမာရေးကို မြန်မာရိုးရာသဘာဝဆေးဖက်ဝင်အပင် ဖြစ်သည့်အတွက်ခန္ဓာကိုယ်က လိုအပ်နေ သည့် အာဟာရဓာတ်တွေရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)