မြင်းခွာရွက်ပင်သည် နေရာဒေသအစုံတွင်ပေါက်ရောက်တတ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင် တကူးတကစိုက်ပျိုးရန်မလိုပဲ လယ်ကွင်းများနှင့်လယ်ကန်သင်းများ၌ သဘာဝအလျောက်ပေါက်ရောက်တတ်သော အရွက်အနည်းငယ်ကြမ်းပြီး အရိုးအနီရောင်နှင့်တောမြင်းခွာဟု အများကခေါ်ဆိုကြသည့် မြင်းခွာပင်ကို အညာဒေသရှိလူအများကြိုက်နှစ်သက်ကြပါသည်။ နောက် တစ်မျိုးမှာ အရွက်နှင့်အရိုးပါ အစိမ်းရောင်ရှိပြီး အရွက်မှာချောမွတ်သော မြင်းခွာပင်ကို အိမ်ဝိုင်းများတွင် စိုက်ပျိုးထားကာ အတို့အမြုပ်သော်လည်းကောင်း၊ သုပ်စား၍သော ်လည်းကောင်း၊ ဟင်းချိုခတ်၍သော်လည်းကောင်း စားသုံးမှုရှိကြပါသည်။ မြင်းခွာရွက်ပင် သည် ရေရရှိလျှင်အလွန်ပွားသော အပင်တစ်မျိုးလည်းဖြစ်ပါသည်။ မြင်းခွာရွက်ပင်သည် မြေတွင်ကပ်ပေါက်သော အပင်အမျိုးအစားဖြစ်ပြီး အရွက်မှာ မြင်းခွာပုံသဏ္ဍာန်ရှိပါသည်။ မြင်းခွာရွက်အပင်၏ အရွက်၊ အရိုးနှင့်အမြစ်များကို အစာအဟာရအတွက်သော်လည်းကောင်း၊ ကျန်းမာရေးအတွက်သော်လည်းကောင်း အသုံးပြုကြပါသည်။ မြင်းခွာရွက်တွင် ကယ်ဆီယမ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်အေ၊ ဗီတာမင်B12 နှင့် အခြားသက်စောင့်ဓာတ်များစွာပါဝင်၍ ကျန်းမာရေးကို အထောက်အကူပြုပါသည်။ မြင်းခွာရွက်ကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းအားဖြင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ မှတ်ဉာဏ်ကောင်းစေခြင်း၊ အရေပြားရောဂါမှ ကာကွယ်ပေးခြင်း၊ အဆိတ်အတောက်ကင်းစေခြင်း၊ အမြင်အာရုံကောင်းစေခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ သွေးအားနည်းခြင်းကိုသက်သာစေခြင်း၊ ဆီးရွှင်စေခြင်း အစရှိသည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေပါသည်။ ထို့အပြင် မြင်းခွာရွက်ကို ကြိတ်၍ဖျော်ရည်အဖြစ် သောက်သုံးကြသလို နေပူခံအခြောက်လှန်းကာ လ္ဘက်ခြောက်အဖြစ်လည်း အစားထိုး အသုံးပြုကြပါသည်။ ထိုသို့ ကျန်းမာရေးအတွက်ကောင်းကျိုးများစွာကို ရရှိစေသော မြင်းခွာရွက်ကို စားသုံးပေးသင့်ပါကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)