အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Powered by Drupal
Fri, 07/22/2022 - 15:55 -- consumer_admin

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတစက်မှုဇုန်ရှိ အမှန်ရှိမြေဧရိယာ စတုရန်းပေ(၁၃၄၃၇.၅)ခန့်နှင့်   ယင်းမြေပေါ်ရှိ အဆောက်အဦတို့အား (၅)နှစ်သက်တမ်း (၁)နှစ် တစ်ကြိမ် စာချုပ်ချုပ်ဆို၍ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-

(က)       တင်ဒါပုံစံရောင်းချမည့်ရက်        -   (၂၆.၇.၂၀၂၂)ရက်မှ (၈.၈.၂၀၂၂)ထိ

( ခ )       တင်ဒါပိတ်မည့်နေ့/အချိန်           -   (၈.၈.၂၀၂၂)ရက် ညနေ( ၁၆:၀၀)နာရီ

( ဂ )       တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန် -   (၁၁.၈.၂၀၂၂)ရက်နေ့၊ (၁၃:၀၀)နာရီ

(ဃ)       တင်ဒါတင်သွင်းရမည့်နေရာ        -   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်။

(င)         စာရင်းပေးသွင်းရမည့်နေရာ        -   ရုံးအမှတ်(၅၂)၊ နေပြည်တော်

(စ)         တင်ဒါစည်းကမ်းချက်များ           -   (၁၁.၈.၂၀၂၂)ရက်နေ့၊ (၁၀:၃၀)နာရီ

             ရှင်းလင်းမည့်ရက်/အချိန်/နေရာ      ရုံးအမှတ်(၅၂)၊ နေပြည်တော်

(ဆ)       တင်ဒါပုံစံရောင်းချမည့်နေရာ      -   စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊       စီမံရေးရာဌာနခွဲ၊  အမှတ် (၂၂၈/၂၄၀)၊ ဒုတိယထပ်၊ ကမ်းနားလမ်းနှင့်ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့။

(ဇ)        Depositပေးသွင်းနိုင်သည့်ဘဏ်     -   တင်ဒါစည်းကမ်းသတ်မှတ်ချက်ပုံစံတွင် ဖော်ပြထားပြီးဖြစ်ပါသည်။

၂။           စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတစက်မှုဇုန်ရှိ အမှန်ရှိ မြေဧရိယာ စတုရန်းပေ(၁၃၄၃၇.၅)ခန့်နှင့်   ယင်းမြေပေါ်ရှိ အဆောက်အဦတို့၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာ မြို့နယ်သို့ သွားရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ် အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံ ဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂ သို့ ဆက်သွယ် စုံစမ်းမေးမြန် နိုင်ပါသည်။

တင်ဒါစိစစ်ရေးအဖွဲ့