
ကမ္ဘာပေါ်တွင်"မှို”သည် လူအများကြိုက်နှစ်သက်သည့် အစားအစာတစ်ခုတွင်ပါဝင် သည့်သဘာဝအပင်အမျိုးအစား ဖြစ်သည်။ ယခုအခါခေတ်မှီတိုးတက်လာမှုနှင့် သဘာဝမှို များရှာပါးလာမှုတို့ကြောင့်အစားထိုး စိုက်ပျိုးရေးမှိုများ ဈေးကွက်တွင်း အရောင်းဝယ်ပိုမို ကျယ်ပြန့်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အဓိကစားသုံးသည့်မှို (၁၁)မျိုး အနက်မှ ငွေနှင်းမှို မှာလူအများပိုမိုကြိုက်နှစ်သက်ခြင်း၊ စိုက်ပျိုးရလွယ်ကူခြင်း နှင့်ရက်တိုတိုနှင့် အကျိုးအမြတ် ရရှိခြင်းတို့ကြောင့် စိုက်ပျိုးသူများပြားလျက်ရှိကြောင်းသိရှိရပါသည်။ မှိုစိုက်ပျိုးခြင်း နည်းတွင်သစ်တုံးဖြင့် စိုက်ပျိုးခြင်းနည်း၊ အပုံပြုလုပ်စိုက်ပျိုးခြင်းနည်းများနှင့် အထုပ်ပြု လုပ်စိုက်ပျိုး ခြင်းနည်းများဖြင့် စိုက်ပျိုးလျက်ရှိရာ ငွေနှင်းမှိုသည် တစ်နိုင်တစ်ပိုင်အထုပ်ဖြင့် စိုက်ပျိုး၍ ရနိုင်သော မှိုပင်အမျိုးအစားဖြစ်သည်။ငွေနှင်းမှိုသည် အာဟာရနှင့်အနံ့စုပ်ယူမှု အားကောင်း သောအပင်ဖြစ်၍နေရာအားဖြင့် ရေမဝပ်သော၊ အရိပ်ရသော၊ လေဝင်လေထွက် ရှိ၍တိုက်ရိုက်နေမပူသော နေရာတွင်ထား ရှိရပါမည်။
အထုပ်ပြုလုပ်စိုက်ပျိုးရာတွင် ဖြည့်စွက်စွာအနေဖြင့်သစ်ပွလွှစာ၊ ဆန်ဖွဲနု၊ပြောင်းဖွဲ၊ ပဲဖွဲ၊သကြား၊ဂလူးကို့စ်၊ဆားခါး၊မဖောက်ထုံး၊ရေ ပစ္စည်းများကို ရောစပ်စာအချိုးဖြင့်ပြုလုပ် ရောနှောကာစိုက်ထုပ်များအတွင်းသို့ မှိုမျိုးများထည့်သွင်းစိုက်ပျိုး ထုတ်လုပ်ရပါသည်။ မှို စိုက်ထုပ်များမျက်နှာစာကိုခွဲထုတ်ရာတွင် စိုက်ထုပ်ဘေးမျက်နှာပြင်ကို ဓားဖြင့်ခွဲထုတ်၍ သော်လည်းကောင်း၊ကော်လံကိုဖြုတ်၍ အိတ်နှုတ်ခမ်းကိုအပြင်သို့လှန်၍သော်လည်းကောင်း ဝါးစင်၊သစ်သားစင်၊သံစင်များပေါ်တွင်အထုပ်များကိုမိမိကြိုက်နှစ်သက်ရာ နည်းလမ်းများ ကိုအသုံးပြု၍စိုက်ပျိုးထားရှိနိုင်ပါသည်။ ငွေနှင်းမှိုသည် အနားသားပါး၍ ပြန့်ကားနေ သောအခြေအနေတွင်ခူးဆွတ်နိုင်ပြီး စိုက်ပျိုးပြီး မကြာမီအချိန်တွင်း ထုတ်လုပ်ရောင်းချနိုင် သောကြောင့် ဝယ်လိုအား၊ရောင်းလိုအားကို အဆင်ပြေထိန်းညှိ ပေးနိုင်သောဈေးကွက်ဝင် အပင်အမျိုးအစားဖြစ်သည်။ လက်လီဈေးနှုန်းအားဖြင့် ငွေနှင်းမှို အစိတ်သားလျှင် (၂၅၀၀/-)ကျပ်မှ ၁ပိဿာလျှင်(၈၀၀၀/-)ကျပ် နှင့်(၁၀၀၀၀/-)ကျပ် ဖြင့်ရောင်းချကာ မှိုကန်စွန်း ကြိုက်နှစ်သက်သည့် မြန်မာလူမျိုးများအဖို့ မှိုကို မြန်မာ့ဆေးဖက်ဝင် ကန်စွန်းရွက် ဖြင့်အဓိထား စားသုံးကြပါသည်။ မြန်မာနိုင်ငံတွင်း ရန်ကုန်၊ပဲခူး၊မှော်ဘီ၊ တောင်ငူနှင့် ပြင်ဦးလွင်မြို့ကြီးတွင်လည်း မှိုသုတေသနခြံများ တည်ဆောက်ထားရှိပြီး ဖြစ်ကြောင်းသိရှိပါသည်။
ယနေ့ခေတ်တွင် ငွေနှင်းမှိုသည် ကမ္ဘာ့စိုက်ပျိုးရေးတွင် ထုတ်လုပ်မှုအမြင့်ဆုံးမှို တစ်မျိုးဖြစ်လာကာ အာဟာရကြွယ်ဝ၍ သန့်ရှင်းလတ်ဆက်သောမှိုများကို ဈေးကွက် အတွင်းအစိမ်းရောင်းချသည့်အပြင် မှိုကိုအခြောက်အနေဖြင့်သော်လည်းကောင်း၊ ဆီသွတ်ဘူး များနှင့်(မှိုဆီစိမ်)အဖြစ်သော်လည်းကောင်း၊ အသင့်စား မှိုဆီကြော်(Ready made)အထုပ်များ ဖြင့် သော်လည်းကောင်း သတ်မှတ်ထားသောအရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ ပြုပြင်ထုတ်လုပ်၍ ဈေးကွက်အတွင်းဖြန့် ဖြူးရောင်းချလျက်ရှိပါသည်။ ထို့ကြောင့် စိုက်ပျိုးရေးငွေနှင်းမှိုများသည် စားသုံးသူများ ၊ရောင်းချသူများ အပြင်အိုးမကွာ အိမ်မကွာဖြင့်တစ်နိုင်တစ်ပိုင်စီးပွားဖြစ် ရောင်းချလိုသူများ အဖို့စိုက်ပျိုးသင့်သော ဈေးကွက် ဝင်သီးနှံဖြစ်ကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါသည်။
DOCA(မန္တလေး)