
ခဝဲပင်သည် နေရာဒေသရာသီမရွေးစိုက်ပျိုးနိုင်သော အပင်တစ်မျိုးဖြစ်ပြီး ဗူး၊ ဖရုံ အပင်မျိုးထဲတွင် ပါဝင်သောအပင်တစ်မျိုးဖြစ်သည်။ ခဝဲပင်သည် အစိမ်းရောင်နွယ်ပင်ရှည်တစ်မျိုးဖြစ်၍ အပွင့်မှာအဝါ
ရောင်ပွင့်ပြီး မိုးရာသီဒဏ်ခံနိုင်အောင် စင်တင်ခြင်း၊ ဝါးတန်းထိုးခြင်းများဖြင့် စိုက်ပျိုးလေ့ရှိကြသည်။ ခဝဲသီးသည် ဒေသမျိုးအလိုက်အပုမျိုးနှင့်အရှည်မျိုး အသီးပုံသဏ္ဍာန်များကွဲပြားလေ့ရှိသည်။ ခဝဲသီးသည် အစိမ်းရင့်အရောင်ဖြစ်ပြီး စောင်းများပါလေ့ရှိခြင်း၊ ချိုသောအရသာရှိခြင်းနှင့် အရည်ရွမ်းပွခြင်း ခဝဲသီး၏အစေ့မှာ သခွားစေ့နဲ့တူလေ့ရှိသည်။ ခဝဲသီးထဲတွင် ကယ်လိုရီ၊ ဗီတာမင်စီ၊ မင်းဂနီးဂ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် B6၊ အမျှင်ဓာတ်များပါဝင်ကြောင်းလေ့လာသိရှိရပါသည်။ ခဝဲသီးစားသုံးခြင်းဖြင့် နှလုံးရောဂါ၊ ဆီးကျိတ်ကင်ဆာ၊ လေဖြတ်မှုကိုလည်း လျော့နည်းစေပြီး သွေးအားနည်းခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းများကိုလည်း ကာကွယ်ပေးကြောင်းလေ့လာ သိရှိရပါသည်။ ခဝဲသီးကို ချက်ပြုတ်စားသုံးရာတွင် အသားတစ်မျိုးမျိုး၊ မှို၊ ကြက်သားမှုန့် အစရှိသည့်တို့ဖြင့် ရော၍ကြော်ခြင်း၊ ဟင်းချိုချက်ခြင်း၊ အသီးကို ပြုတ်ပြီး တို့စရာပြုလုပ်၍ စားသုံးလေ့ရှိကြသည်။ ခဝဲသီးခြောက်ကို ဒေသအလိုက် အိုး၊ ခွက်၊ ပန်ကန်းများ ဆေးကြောရာတွင် ရေမြှုပ်အဖြစ် အသုံးပြုလေ့ရှိကြပြီး ရေချိုးရာတွင်လည်း ရေမြှုပ်အဖြစ်အသုံးပြုလေ့ရှိကြောင်း သိရှိရပါသည်။ ခဝဲသီးသည် ကျန်းမာရေးအတွက် အထူးကောင်းမွန်သလို ဟင်းချက်ပြုတ် စားသုံး ရာတွင် လွယ်ကူခြင်း၊ ဆေးကြောရာတွင်လည်း ရေမြှုပ်အဖြစ်လိုအပ်သလို အသုံးပြု၍ရရှိခြင်းနှင့် ရာသီမရွေးဝယ်ယူရရှိနိုင်ပြီး မန္တလေးမြို့ပေါ်ရှိဈေးများတွင် ၂၅ဝသား ၁၀၀ဝိ/-၊ ၅ဝ၀သား ၁၅၀ဝိ/-နှုန်း ဖြင့် ရောင်းချလျက်ရှိ ကြောင်း ဈေးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA( မန္တလေး)