ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ခါကြက်ဥ ဈေးနှုန်း အခြေအနေ

  ကျွန်းလှမြို့နယ်ရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင် လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်အဖြူ/အနီ၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ငရုပ်သီးစိမ်း၊ ပြောင်းဖူး၊ ကြက်ဟင်းခါးသီး၊ မုံညှင်း၊ ကိုက်လန်၊ ကန်ဇွန်း၊ ချဉ်ပေါင်ရွက်၊ နှင့် ပဲသီးတောင့်ရှည် စသည်တို့ကို စိုက်ပျိုးသည့်အနက် ခါကြက်ဥကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း သိရပါသည်။

  ခါကြက်ဥ(ဗမာ)ဥကို ဒေသတွင်းမှ ထွက်ရှိသည်များကို ဝယ်ယူ ရောင်းချလျက်ရှိပြီး ရှားပါးသည့် အချိန်တွင် တရုတ် ခါကြက်ဥ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။

   ၂၀၂၅ ခုနှစ်၊ မေလ ဒုတိယပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော  ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ(ဗမာ)ဥကြီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၂၀၀၀)ကျပ်နှင့် ၂၅ကျပ်သားလျှင်(၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေလ တတိယပတ်တွင် ခါကြက်ဥ ဈေးနှုန်းများမှာ ခါကြက်ဥ(ဗမာ)ဥ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၅၀၀)ကျပ်နှင့် ၂၅ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိ သောကြောင့် ယခင်အပတ်ထက် တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ကျဆင်းလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)