စိုက်ပျိုးရလွယ်ကူပြီး ငွေပေါ်မြန်သောနံနံပင်

Powered by Drupal
Mon, 05/26/2025 - 14:35 -- consumer_admin

   မြန်မာပြည်တွင် အထင်ရှားဆုံးဟင်းခတ်အမွှေးအကြိုင်မှာ နံနံပင်ဖြစ်ပြီး အစေ့ကိုလည်း ဟင်းခတ်မဆာလာအဖြစ် အသုံးပြုနိုင်သည်။ မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ အသုပ်စုံတို့တွင်လည်း တွဲဖက်အသုံးပြုလေ့ရှိသည့်အပြင် တို့စရာအဖြစ်လည်း စားသုံးကြ သည်။ နံနံပင်သည် ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင် ရှားပါး၍ဈေးကြီး ပေးရသည်။ ရေမဝပ်သောနုန်းမြေသည် နံနံပင်စိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်ပြီး ရွှံ့စေးဆန်သော မြေနှင့် သဲမြေများတွင် နွားချေး၊ မြေဆွေး၊ ဖွဲပြာတို့ကိုထည့်၍ သင့်တော်သောမြေအနေအထား ရအောင် ပြုပြင်၍လည်းစိုက်ပျိုးနိုင်သည်။ နံနံပင်ကိုဘောင်များပြုလုပ်စိုက်ပျိုးပါက အထူးကောင်း မွန်ပြီး ဘောင်များကို(၄-၅)လက်မအမြင့်ပြုလုပ်ပြီး (၂-၃)ပေအကျယ်ဖြင့် အရှည်ကိုအဆင်ပြေသလို ထားကာ ပြင်နိုင်သည်။ နံနံစေ့မစိုက်ခင် မြန်မြန်အပင်ပေါက်ရန် ရေတွင်(၂၄)နာရီကြာစိမ်ရပြီး အစေ့ကိုရေမစိမ်မီ ဂုန်နီအိတ်ပေါ်တွင်တင်၍ ပုလင်းဖြင့်နှစ်ခြမ်းကွဲသွားစေရန်အသာအယာလှိမ့်ရ သည်။ နံနံပင်သည် ရွက်စားသီးနှံဖြစ်ခြင်းကြောင့် နွားချေး၊ မြေဆွေးနှင့်ယူရီးယားဓာတ်မြေဩဇာ များကျွေးရန်လိုအပ်သည်။ အစေ့များကိုကျဲကျဲစိုက်လျှင် ကိုင်းဖြာသော နံနံပင်များကို ရရှိနိုင်၍ အပင်များပေါက်ပြီး(၄၅)ရက်သားမှစတင်၍နုတ်ယူစားသုံးခြင်း၊ ရောင်းချခြင်းများပြုလုပ်နိုင်ပြီး နံနံ ပင်ကို မျိုးစေ့ထုတ်ယူမည်ဆိုပါက ဆောင်းရာသီ(နိုဝင်ဘာလ) တွင်စတင်စိုက်ပျိုးနိုင်သည်။

DOCA(မန္တလေး)