
ယနေ့ မေလ တတိယပါတ်တွင် ဖလံတောင်ဝှေးပင်များ ထွက်ရှိ၍ ဈေးကွက်အတွင်း ရောင်းချနေ၍ ဈေးကောင်းရနေသည်။ ပေါ်ဦးပေါ်ဖျား ပင်ဖြစ်၍ အပင် ၁၅ပင်ပါ တစ်စီးကို ငွေ ၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အိမ်ရှင်မများ ဝယ်ယူ၍ ချက်ပြုတ်စားသောက်ကြသည်။ လှိုင်လှိုင်ပေါ်ထွက်ချိန်တွင် ဈေးပေါမည်ဖြစ်ကြောင်း ရောင်းချသူထံမှသိရသည်။
ဖလံတောင်ဝှေးက တစ်နှစ် တစ်ကြိမ်သာပေါ်ပြီး အပင်ကိုစားရသော သီးနှံဖြစ်သည်။ ဖလံတောင်ဝှေးကို အရင့်ကိုဖယ်ပြီး နုသောအပိုင်းကို ထုရိုက်ပြီး ပုဇွန်ခြောက်၊ ကြက်ဥ၊စသည်ဖြင့် ရောကြော်စားရသောအပင်ဖြစ်သည်။ ကျန်းမာရေးအတွက် အထောက်အကူပြုပြီး သဘာဝအလျှောက်လည်းပေါက်သလို အထိုင်များသူများ ငရုတ်ကောင်းဖြင့် အရည်သောက်ချက်စားပါက ကျန်းမာရေး အထောက်အကူပြုနိုင်သည်ဟု သိရသည်။
DOCA(ဧရာဝတီ)