ကင်းမွန်မီးထွန်းလှေအကြောင်းတစ်စေ့တစ်စောင်း

Powered by Drupal
Mon, 05/26/2025 - 11:02 -- consumer_admin

     မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ်ငန်းဆောင်ရွက်နေသည့် ကင်းမွန်မီးထွန်းလှေများမှာ လှေ အရွယ်အစားမျိုးစုံကို အသုံးပြု၍၊ ပွင့်လင်းရာသီတွင် လုပ်ငန်းလုပ်ကိုင်ကြခြင်း ဖြစ်ပြီး ရာသီ အလိုက်လုပ်ကိုင်ရသည့် ငါးဖမ်းလုပ်ငန်းတစ်မျိုးဖြစ်ကြောင်း၊မိုးလေကင်းစင်သည့် သင်္ကြန်ကာလ အထိ လုပ်ကိုင်ရကြောင်း သိရပါတယ်။ကင်းမွန်ရာသီက ပုံမှန်အားဖြင့် သီတင်းကျွတ်လမှစ၍ သင်္ကြန်ပြီးတဲ့အထိ(မိုးဦးမကျခင်)ဖမ်းဆီးနိုင်ကြောင်း ဖမ်းဆီးရရှိချိန်ကို အလွယ်တကူမှတ်သားထား လို့ရပြီး ကင်းမွန်လှေတွေဟာ မြန်မာလဆုတ်(၂)ရက်နေ့ကစတင်၍ ကင်းမွန်ဖမ်းကြလေ့ရှိပါတယ်။ ကင်းမွန်များကို လဆုတ်၊လကွယ် ညတွေမှာသာ အများဆုံးဖမ်းဆီး ရရှိပါတယ်။ လပြည့်ည များတွင် လ၏အလင်းရောင်ကြောင့်ဖမ်းဆီး၍ မရကြောင်း ကင်းမွန်လှေမီးထွန်းဆရာက ပြောပြသည်။    

   ကင်းမွန်မီးထွန်းလှေလုပ်ငန်းများကို မြို့ပြ၊ကျွန်းရွာတွေပါမကျန်တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြ ပြီး ဒေသတွင်းနီးစပ်ရာဈေးသင့်ရာ အဝယ်ဒိုင်၊အဝယ်လှေများတွင် ရောင်းချလေ့ရှိကြသည်။မီးထွန်း လှေဘယ်လောက်များသလဲဆိုရင်  ရုတ်တရက်ကြည့်လိုက်ရင် “ ရေပေါ်မြို့ကြီးတစ်မြို့လားထင်ရ တယ်” ဟု ကင်းမွန်လှေမီးထွန်းဆရာကပြောပြသည်။ ကင်းမွန်လှေတစ်စင်းဟာ ပင်လယ်ပြင် အထွက်စရိတ်မှာ လှေအရွယ်အစားအလိုက်ကွာခြားမှုရှိပြီး ရောင်စုံမီးသီးများဖြင့် တောက်ပလျက်ရှိ ပါတယ်။ယခုအချိန်တွင် လောင်စာဆီများ/ရေခဲများ/စရိတ်စကများ ကြီးမြှင့်လာမှုကြောင့် အခက် အခဲ အများကြီး ရှိနေကြောင်း သိရှိရပါတယ်။

    ကင်းမွန်ရာသီ၏အစတွင် ကင်းမွန်ဆိုက်ကြီးဖြစ်သည့် အကြီး/အလတ်ဆိုက်များမှာ တစ်ဗန်း  (၁၀ပိဿာဝင်ဗန်း)လျှင် ကျပ် တစ်သိန်းခွဲကျော်ရှိပြီး၊ ဆိုက်ငယ်များမှာ တစ်ဗန်းလျှင် ကျပ် ခုနှစ် သောင်းကျော်ဈေးရှိနေကြောင်း ဈေးအဝယ်ဒိုင်များ၏မေးမြန်းချက်အရ သိရှိရပြီး ကင်းမွန်ရရှိမှု အပေါ်မူတည်၍ အကျိုးအမြတ်များ ရရှိနိုင်ကြောင်းကို လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရှိ ရ သည်။

DOCA(တနင်္သာရီ)