ဘားအံမြို့ ဒေသထွက် ရွှေဖရုံညွန့် ဈေးနှုန်း

Powered by Drupal
Fri, 05/23/2025 - 16:20 -- consumer_admin

     ၂၀၂၅ခုနှစ်၊ ဧပြီလတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ဈေးကွက်အတွင်း ရွှေဖရုံညွန့်များ လှိုင်လှိုင်ထွက်ရှိပြီး ဈေးနှုန်းကောင်းလျက်ရှိကြောင်း သိရသည်။

    ရွှေဖရုံညွန့်ကို ကြော်ချက်ပဲ ချက်စားစား၊ ပြုတ်၍တို့စားစား၊ ဟင်းချိုပဲချက်ချက်၊ ဟော့ပေါ့ထဲပဲ ထည့်စားစား စားရတာ ချိုချိုလေးနဲ့အရသာရှိသော ရွှေဖရုံညွန့်ပင်ဖြစ်ပါသည်။ ရွှေဖရုံညွန့်သည် ဗီတာမင် နှင့်သတ္တုဓာတ်များစွာပါဝင်၍ ကျန်းမာရေးနှင့်လည်းညီညွတ်ပါသည်။ စားလိုက်ရင် အရသာရှိတဲ ရွှေဖရုံညွှန့်က ကင်ဆာရောဂါကာကွယ်ပေးခြင်း၊ သွေးချိုထိန်းညှိပေးခြင်း၊ ကိုယ်ခံအားကောင်းခြင်း၊ အသားအရေကိုအားဖြည့်ပေးခြင်း၊ အဆစ်ရောင်နာကိုသက်သာစေခြင်း၊ အရိုးများသန်မာခြင်း၊ ရာသီ အကြိုလက္ခဏာများကို သက်သာစေခြင်း၊ ဝမ်းမှန်ခြင်း၊ သွားနှင့်ခံတွင်းကျန်းမာစေခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု ကင်းစေခြင်း၊  ကြွက်သားတွေ အလိုအလျောက် ကျုံဆန့်တာကို သက်သာစေနိုင်သည်။ ရွှေဖရုံညွန့်အား လူမျိုးဘာသာ မရွေးစားသောက်နိုင်သော အရွက်တစ်မျိုးဖြစ်သည်။ ဖရုံညွန့်ကို အလွန့်အကျွံ စားသောက်မိလျှင် အစာမကြေတာ ၊ ဝမ်းချုပ်တာမျိုး ဖြစ်စေနိုင်ပါသည်။

    ရွှေဖရုံညွန့် အစည်းသေး တစ်စည်း (၅၀၀)ကျပ် နှင့် (၅)စည်းပါရွှေဖရုံညွန့် အစည်းကြီး တစ်စည်းလျှင် (၂၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရွှေဖရုံညွန့်ကို ဘားအံမြို့ အနီးတဝိုက် ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြောင်းနှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများ အနေဖြင့် နေ့စဉ် ဝင်ငွေရလျက်ရှိကြောင်းသိရသည်။

DOCA(ကရင်)