
သလဲသီးဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အသီးတွေထဲက တစ်ခုဖြစ်ပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ သလဲသီးဟာ ခန္ဓာကိုယ်အတွက်ကောင်းမွန်ပြီး အချို့ရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။ သလဲသီးမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အမျှင်ဓာတ်၊ အသားဓာတ်၊ ဗီတာမင် C၊ ဗီတာမင် K၊ ဖော်လစ်အက်စစ်၊ ပိုတက်ဆီယမ် စတဲ့ ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါသည်။ သလဲသီးမှာ အရောင်ကျစေတဲ့ အစွမ်းသတ္တိရှိသည်။ နာတာရှည်ရောင်ရမ်းခြင်းဟာ ရောဂါ အမြောက်အများကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ သလဲသီးမှာ ရောင်ရမ်းခြင်းကို ပါဝင်တဲ့ Punicalagin ဆိုတဲ့ ဓာတ်က ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ဓာတ်ခွဲခန်း စမ်းသပ်မှုတွေမှာတော့ သလဲသီးဟာ အစာအိမ် အရောင်ကျစေသလို ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာမှာ ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိင်သည်။
သလဲသီးဟာ ဆီးကျိတ်ကင်ဆာကို သက်သာစေပါသည်။ဓာတ်ခွဲခန်း စမ်းသပ်ချက် တွေအရတော့ သလဲသီးက ထုတ်ထားတဲ့ ဓာတ်ပစ္စည်းတွေဟာ ဆီးကျိတ်ကင်ဆာမှာ ကင်ဆာဆဲလ် ပြန့်ပွားမှုကို နှေးကွေးစေပြီး ကင်ဆာဆဲလ်တွေ သေဆုံးသွားအောင်တောင် လုပ်ဆောင် ပေးနိုင်တယ်လို့ တွေ့ရပါတယ်။ သလဲသီးဟာ ရင်သားကင်ဆာကို သက်သာ စေပါသည်။ သလဲသီးဟာ ကင်ဆာဆဲလ်ပွားများမှုကို နှေးကွေးစေနိုင်ပါသည်။ သလဲသီးဟာ သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်သည်။ သွေးတိုးရောဂါကြောင့် နှလုံးရောဂါနဲ့ လေဖြတ် ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သုတေသန တစ်ခုအရ သလဲသီးဖျော်ရည်ကို နေ့စဉ်နှစ်ကြိမ် သောက်သုံးပေးခြင်းဖြင့် သွေးပေါင်ချိန်ကျဆင်းစေပါသည်။ သလဲသီးဟာ အဆစ်အမြစ် ရောင်ရမ်း ခြင်းကို သက်သာစေသည်။
သလဲသီးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေနိုင်တဲ့ အတွက် နာတာရှည် အဆစ်အမြစ်ရောင်ရောဂါတွေအတွက် ကောင်းမွန်စေပါသည်။ သလဲသီးဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါ သည်။ နှလုံးရောဂါဟာ အရွယ်မတိုင်ခင် သေဆုံးခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်း အရင်း တစ်ခုဖြစ်သည်။ သလဲသီးဟာ နှလုံးရောဂါကို အဓိက ဖြစ်စေ နိုင်တဲ့ သွေးပေါင်မြင့်တက်မှုကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ သလဲသီးသည် မှတ်ဉာဏ်ကို ကောင်းမွန် တိုးတက်စေပါသည်။ သုတေသနတွေအရ သလဲသီး ဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့် မှတ်ဉာဏ်စွမ်းရည် တိုးတက်ကောင်း မွန်စေပါသည်။သလဲသီးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်း တွေက လေ့ကျင့်ခန်းလုပ်ဆောင်ရာမှာ ဖြစ်ပေါ်တဲ့ မောပန်းနွမ်းနယ်ခြင်းကို လျှော့ချပေးနိုင်ပြီး လေ့ကျင့်ခန်း လုပ်ဆောင်မှုကို ကောင်းမွန်စေပါသည်။
DOCA(မန္တလေး)