“မန်းကျည်းသီးမှည့်၏အသုံးဝင်ပုံ”

Powered by Drupal
Thu, 05/22/2025 - 13:10 -- consumer_admin

    မန်းကျည်းသီးသည် ဘက်တီးရီးယားပိုးများကို ဖျက်ဆီးနိုင်သောအစွမ်းရှိပါသည်။ သွေးတွင်းကိုလက်ထရောကိုလည်း ကျစေပါသည်။ သဘာဝမန်းကျည်းသီးဖျော်ရည်သည် အာဟာရဓာတ်များစွာပေးတဲ့အပြင် အရသာအားဖြင့်လည်း ချိုချဉ်လေးဖြစ်တာကြောင့် ကလေးရောလူကြီးပါ အကြိုက်တွေ့စေမဲ့ဖျော်ရည်တစ်မျိုးဖြစ်ပါသည်။

          မန်းကျည်းမှည့်ဖျော်ရည်သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက်အကျိုးကျေးဇူးများစွာ ရရှိစေပါသည်။

(၁) အဆိပ်အတောက်တွေကိုဖယ်ရှားပေးတယ်

          မန်းကျည်းဖျော်ရည်မှာပါဝင်သော သတ္တုဓာတ်၊ အမျှစ်ဓာတ်တွေဟာခန္ဓာကိုယ်တွင်းအင်္ဂါနှင့်သွေးအတွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးပါသည်။ မန်းကျည်းဖျော်ရည်သည် အသားအရေကိုကြည်လင်သန့်စင်စေပြီးနေလောင်ခြင်း ၊ အသားအရေခြောက်သွေ့ညစ်နွမ်းခြင်း၊ အရေးအကြောင်းများဖြစ်ပေါ်ခြင်းစသောလက္ခဏာများကိုလည်းသက်သာပျောက်ကင်းစေနိုင်ပါသည်။

(၂) မျက်စိကျန်းမာရေးကိုအထောက်အကူပြုတယ်

       မန်ကျည်းဖျော်ရည်သောက်သုံးပေးခြင်းကြောင့်မျက်စိနဲ့အမြင်အာရုံကိုကောင်းမွန်စေပြီးမျက်စိအားနည်းခြင်း၊ မျက်သာခမ်းခြောက်ခြင်း၊ မျက်စိနာခြင်းစသောအမြင်အာရုံနဲ့ပတ်သက်သော ဝေဒနာများကိုပျောက်ကင်းစေပါသည်။

(၃) ကိုယ်ခံအားကောင်းစေတယ်

          မန်ကျည်းသီးမှာပါဝင်သော ဗီတာမင်ဓါတ်တွေဟာ ခန္ဓာကိုယ်အတွင်း ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ကိုယ်တွင်းအပူချိန်ကိုလျော့ချစေပြီး ဝမ်းတွင်းကအပူပုတ်တွေကိုလည်းကင်းစင်စေပါသည်။

(၄) အစာအိမ်ရောဂါကိုကောင်းမွန်စေပါတယ်

          မန်ကျည်းမှည့်ဖျော်ရည်ဟာ အစာအိမ်နှင့်အူလမ်းကြောင်းကို အထောက်အပံ့ပေးတာကြောင့် ဝမ်းကိုမှန်စေပြီးအစာအိမ်နှင့်ပတ်သက်သောဝေဒါနာများကိုဖြစ်မလာအောင်ကာကွယ်တားဆီးပေးပါသည်။

     မန်ကျည်းသီးမှာပါဝင်သော ပိုတင်စီယမ်ဓါတ်နှင့် မဂ္ဂနီစီယမ်ဓါတ်တွေဟာအစာချေစနစ်ကို ကောင်းမွန် စေတာကြောင့်ဝမ်းမှန်စေတဲ့အပြင်ကိုယ်အလေးချိန်ကိုလည်းကျစေမှာဖြစ်ပါသည်။

DOCA(ရှမ်း)