ဂေါ်ဖီထုပ်ကို အသက်ကြီးငယ်မရွေးစားသုံးနိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် လည်း ဂေါ်ဖီထုပ်ကိုစားသုံးရန်သင့်လျော်ပါသည်။ အစာခြေလမ်းကြောင်းတွင် ပြည်တည်နာဖြစ်နေသူ၊ ဝိတ်ချနေသူ၊ ကျောက်တည်နေသူ၊ သွေးကြောမာနေသူများ၊ ဝမ်းချုပ်နေသူများ၊ ဆီးချိုရော ဂါရှိသူများ၊ အဆီများနှင့်အဝလွန်နေသူများလည်းစားသုံးပေးသင့်သည်ဟုသိရှိရပါသည်။
ဂေါ်ဖီထုပ်ကိုမကြာခဏစားသုံးပါက ဗီတာမင်ဓာတ်များစွာရရှိနိုင်သည့်အတွက် ကိုယ်ခံ အားစနစ်ကောင်းမွန်လာပြီး အအေးမိလွယ်ခြင်း၊ နှာစေးချောင်းဆိုးလွယ်ခြင်းများမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။
ဂေါ်ဖီထုပ်တွင်အမျှင်ဓာတ်များစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းကင်းပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါသည်။ ဂေါ်ဖီထုပ်သည် သွေးအတွင်းရှိ မကောင်းသော အဆီဓာတ်များကိုလည်းလျော့နည်းစေပါသည်။ ဂေါ်ဖီထုပ်တွင်ဘီတာကယ်ရို တင်းဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့် မျက်လုံးအားကောင်းစေပြီးမျက်စိတွင်ရှိသောဆဲလ်များကို ကျန်းမာစေပါသည်။ ဂေါ်ဖီထုပ်ကိုမကြာခဏစားခြင်းဖြင့် အသက်ကြီးလာသောအခါဖြစ်တတ် သောမျက်စိတိမ်စွဲရောဂါဖြစ်နိုင်ချေကိုလျော့နည်းစေပါသည်။
ဂေါ်ဖီထုပ်တွင်ပါဝင်သော ဆာလ်ဖာနှင့် ဆီလီကွန်ဓာတ်ဟာလည်းဆံပင်ခြောက်သွေ့ခြင်း ကိုကာကွယ်ပေးပြီး ဗီတာမင်အေဓာတ်ဟာ ဆံပင်များပေါက်ရန်၊ ဆံပင်အုံထူရန်အတွက်အ ထောက်အကူပြုဟုသိရှိရပါသည်။
သတိပြုရန်အချက်မှာ ဂေါ်ဖီထုပ်ကိုစားသောအခါတစ်ခါစားလျှင်အနည်းဆုံး(၁၀၀)ဂရမ် သာစားသုံးသင့်ပါသည်။ အစိမ်းစားမည်ဆိုပါက ရေစင်အောင်သေချာဆေးသင့်ပါသည်။ ဂေါ်ဖီ ထုပ်ကိုကြော်ချက်စားမည်ဆိုပါက အချိန်ကြာကြာကြော်ချက်ခြင်းကိုရှောင်ကြဉ်သင့်ပါသည်။ မီး ပြင်းပြင်းဖြင့်အချိန်ကြာမြင့်စွာကြော်ချက်ပါက ဂေါ်ဖီထုပ်တွင်ပါဝင်သော ကျန်းမာရေးအကျိုးပြု အာဟာရဓာတ်များ ပျက်စီးပျောက်ဆုံးသွားနိုင်ကြောင်း လေ့လာသိရှိရပါသည်။
ကိုးကားချက်(အစိမ်းရောင်လမ်း)
DOCA(ရှမ်း)