ပန်းဂေါ်ဖီစိမ်းအကြောင်း သိကောင်းစရာ

Powered by Drupal
Wed, 05/21/2025 - 14:04 -- consumer_admin

    ပန်းဂေါ်ဖီစိမ်း အမျိုးအစားမှ(၂)မျိုးရှိ၍ သက်တမ်း(၇၅-၉၀)ရက်ခန့်တွင် ဆွတ်ခူးနိုင်သည်။ အေးမြခြောက်သွေ့သောဒေသများတွင် အပင်သက်တမ်း(၁၁)လခန့်အထိ ကြာရှည်စွာ ခူးဆွတ်ရရှိ နိုင်သည်။ မြေဆီဩဇာထက်သန်သည့် မြေမျိုးနှင့် သဲဆန်သောနှံမြေတွင် ကောင်းစွာဖြစ်ထွန်း နိုင်သည်။ အအေးကြိုက်ပြီး အစိုဓါတ်ရရှိသည့် ရာသီဥတုကဲ့သို့သော စက်တင်ဘာနှင့်ဒီဇင်ဘာလ များတွင်စိုက်ပျိုးနိုင်သည်။ တောင်ပေါ်ဒေသ များတွင် တစ်နှစ်ပါတ်လုံးစိုက်ပျိုးနိုင်သည်။ ရေကိုလိုအပ်ချက်အရ တစ်ပတ်(သို့)နှစ်ပတ် တစ်ကြိမ်သွင်းပေးရန် လိုအပ်ပါသည်။ စိုက်ပျိုးပြီး ရက်(၃၀)ကြာလျှင် (၁) ကြိမ်နှင့် (၄၅) ရက်ကြာတွင် (၁)ကြိမ် ဘေးတက်ဖွဲ့ပေးရပါမည်။ ထိပ်ပိုင်းရှိ ပန်းပွင်ဆွတ်ခူးပြီး(၂)ပတ်ခန့်အကြားတွင် ဘေးတက်များမှ ပန်းပွင့်များကို ဆွတ်ခူးနိုင်သည်။ ရာသီဥတုအေးမြ၍ မြေဆီထက်သန်သောမြေများတွင် ဘေးတက်မှပန်းပွင့်များသည် ထိပ်ပိုင်းမှ ပွင့်သော ပန်းပွင့်နီးပါးကြီးနိုင်၍ တစ်ပတ်လျှင် ဘေးတက်(၂၀)ခန့်ထွက်ရှိနိုင်သည်။ တစ်ဧကလျှင် ပန်းဂေါ်ဖီစိမ်းမျိုး လိုက်၍ တန်ချိန်(၅-၈)တန် ထွက်ရှိနိုင်ပြီး ပန်းဂေါ်ဖီစိမ်းသည်နူးညံ့ပြီး ဗီတာမင်ကေ ပါဝင်မှုအထူးများပြား၍ နှလုံး သွေးကြောကျဉ်းရောဂါ၊ အစာအိမ်ကင်ဆာနှင့် ရင်သားကင်ဆာတို့ကို ပျောက်ကင်းစေနိုင်ပါသည်။

DOCA(ပဲခူး)