
ဗာဒံရွက်ဟုပြောလိုက်လျှင် ထုပ်ပိုးစရာအရွက်တစ်ခုဟုပင် မြင်မိပါသည်။ လမ်းမပေါ်များတွင် ပြန့်ကြဲနေသော ဗာဒံရွက်သည် ဘယ်လောက်ထိဆေးဖက်ဝင်ကြောင်း ရေးသားတင်ပြပေးချင်ပါ သည်။ အပူပိုင်းဒေသတွင် ပေါက်ရောက်သော ဗာဒံပင်များကို မြန်မာနိုင်ငံအတော်များများတွင် တွေ့မြင်နိုင်ပါသည်။ အရွက်ဖားဖားအစိမ်းရောင်ရှိပြီး နောက်ကျောတွင် အရိုးတံလေးများ အမြောင်း လိုက်ဖြစ်နေတတ်ပါသည်။ အရွက်နုနေစဉ်တွင် မွှေးညင်းလေးများပါတတ်သော်လည်း အရွက်ရင့်သွားသောအခါ ပြောင်ချောနေတတ်ပါသည်။ အဆစ်အမြစ်ကိုက်ခဲခြင်းများ သက်သာစေရန်အတွက် အရွက်ကိုမီးကင်၍ကပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။ အရွက်၏အဆီကို အာသီး ယောင်ခြင်းသက်သာစေရန်အတွက်လည်း အသုံးပြုပေးနိုင်ပါသည်။ နှလုံးကျန်းမာစေရန်အတွက်လည်းအထောက်အကူပြုပေးနိုင်ပါသည်။ ထို့ကြောင့် ဗာဒံရွက်သည် အစားအစာများ ထုပ်ပိုးရန်အတွက်သာမကဘဲ ဆေးဖက်ဝင်သော အရွက်တစ်မျိုးဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
DOCA(ပဲခူး)