ကန့်ဘလူခရိုင်၌ ရောင်းချနေသော ဒေသထွက်ငှက်ပျောသီးဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ သစ်သီးဆိုင်များတွင် ငှက်ပျောသီးများ ရောင်းချလျက်ရှိကြောင်း၊ ငှက်ပျောသီးများသည် ကျွန်းလှမြို့နယ်၊ ကန့်ဘလူမြို့နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။

          ၂၀၂၅ ခုနှစ် ၊ ဧပြီလ စတုတ္ထပတ်အတွင်း ကန့်ဘလူခရိုင်အတွင်း ရောင်းချလျက်ရှိသော ဒေသထွက်ငှက်ပျောသီးဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ ဖီကြမ်းသီး အလုံးလှ (၁)ဖီးလျှင် ၃၀၀၀ကျပ်၊ အလုံးအသေး(၁)ဖီးလျှင် ၂၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ငှက်ပျော သီးစားသုံးခြင်းသည် ကျန်းမာရေးကို အထောက်အကူပြုသည့်အတွက် လူကြီးလူငယ်မရွေး စားသုံး ကြ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)