ကျန်းမာရေးအတွက် စားသုံးပေးသင့်သော သစ်တော်သီးအကြောင်း

Powered by Drupal
Wed, 05/21/2025 - 13:13 -- consumer_admin

            ကမ္ဘာပေါ်တွင် သစ်တော်သီးမျိုးကွဲပေါင်း ၃,၀၀၀ ခန့်ရှိပြီး ကမ်းရိုးတန်းဒေသများ၊ အာဖရိက မြောက်ပိုင်း၊ အာရှဒေသများတွင် စိုက်ပျိုးကြပါသည်။ သစ်တော်သီးပင်သည် ရေစိမ့်ဝင်မှုအားကောင်း ပြီး မြေဩဇာထက်သန်သောမြေများတွင် ဖြစ်ထွန်းရှင်သန်နိုင်ပါသည်။ သစ်တော်သီးသည် အပြင်ခွံ အဝါရောင်ဖျော့ဖျော့လေးရှိပြီး အသားခပ်ပွပွ အရည်ရွှမ်းရွှမ်းလေးရှိပါသည်။ ကိုယ်ခန္ဓာအတွက် လိုအပ်သော ရေဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါဝင်၍ လူ့ကျန်းမာရေးအတွက် များစွာအကျိုးပြုစေပါသည်။ သစ်တော်သီးကို စားသုံးပေးခြင်းဖြင့် ဆီးချိုရောဂါဖြစ်မှုကို ကာကွယ် ပေးနိုင်ပြီး အဝလွန်ရောဂါဖြစ်စေရန် ၃၅ ရာခိုင်နှုန်း အခွင့်အလမ်းနည်းစေနိုင်သည်ဟုလည်း သိရပါ သည်။ သစ်တော်သီးတွင် အဆီ၊ ကိုလက်စထရော၊ ဆိုဒီယမ်တို့ ကင်းစင်ပြီး အမျှင်ဓာတ် ၂၄ ရာခိုင်နှုန်း ပါဝင်သည်ဟုလည်း သိရပါသည်။  သစ်တော်သီးကို စားသုံးခြင်းဖြင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးသင့်တော်သော ဖောလစ်အက်ဆစ်ဖြင့် ကိုယ်ခန္ဓာကို အင်အားပြည့်စေနိုင်ပါသည်။ သွေးပေါင် ချိန်ကို ထိန်းညှိပေးသလို သွေးတွင်းအဆီဓာတ်များလည်း လျှော့ချပေးနိုင်ပါသည်။ သစ်တော်သီးသည် သကြားပါဝင်မှုနည်းသော်လည်း ပန်းသီးထက် ပိုချိုကာ အမျှင်ဓာတ်ပိုမိုပါဝင်ပြီး ဝမ်းမှန်စေနိုင်ပါ သည်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး လေဖြတ်နိုင်ချေကို ၅၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင် ကြောင်းလည်း သိရပါသည်။ ထို့ကြောင့် ကျန်းမာရေးအတွက် များစွာအကျိုးပြုသော သစ်တော်သီးကို အသက်အရွယ်မရွေး စားသုံးသင့်ပါသည်။

DOCA (ပဲခူး)