မန်ကျည်းရွက်နုဈေးကွက်

  အညာဒေသတွင် တမာပင်၊ ကုက္ကိုလ်ပင်၊ ထနောင်းပင်၊ ညောင်ပင်များနှင့်အတူ မန်ကျည်းပင်မှာလည်း သဘာဝကပေးသော ဟင်းလျာနွယ်ဝင် နတ်ဆေးပင်များဖြစ်ပါသည်။ ကုက္ကိုလ်ပင်မှ ကုက္ကိုလ်ပင်မှ ကုက္ကိုလ်ရွက်နုကို လည်းကောင်း၊ ထနောင်းပင်မှ ထနောင်းရွက်နုကို လည်းကောင်း၊ ညောင်ချဉ်ပင်မှ ညောင်ချဉ်ရွက် ကိုလည်းကောင်း ခူးယူ၍ အတို့အမြုပ်လုပ်၍ ဖြစ်စေ၊ ပြုတ်ပြီးသုပ်၍ဖြစ်စေ စားသောက်ကြသလို မန်ကျည်းပင်မှ မန်ကျည်းရွက်နုနုကလေးများ ကိုလည်း ခူးယူ၍ ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချလျှက်ရှိပါသည်။ မိုးဦးကျကာလတွင် အညာ ဒေသမန်ကျည်းပင်မှ မန်ကျည်းရွက်နုများ ဖြိုင်ဖြိုင်ထွက်ပေါ်လျှက် ရှိပါသည်။ မန်ကျည်းရွက် နုနုကလေးများကို အသုပ်သုပ်၍သော်လည်းကောင်း၊ မန်ကျည်းရွက် ထောင်းပြုလုပ်၍သော် လည်းကောင်း၊ ကန်စွန်းရွက်၊ ဥသျှစ်ရွက်တို့နှင့်ရော၍ ချဉ်ရည်ဟင်းချက်၍ သော်လည်းကောင်း ချက်ပြုတ်စားသောက်ရသော ရာသီစာဟင်းလျာတစ်မျိုးဖြစ်ပါသည်။ မန်ကျည်း ရွက်ကို ဆားဖြင့် အချဉ်သိပ်၍လည်း မန်ကျည်းလ္ဖက်ပြုလုပ်၍ စားသောက်ကြသည်။ ဈေးကွက်အတွင်း၌ မန်ကျည်းရွက်(၅)ကျပ်သားလျှင် (၅၀၀/၆၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)