ဆက်သွယ်ရေးအင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်ထားရှိမှုအခြေအနေ

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နေ တိုင်ကြားသူတစ်ဦးက “ * * * ” အင်တာနက်ဝန်ဆောင်မှုအား ဝယ်ယူအသုံးပြုနေပြီး ၉-၅-၂၀၂၂ ရက်နေ့တွင် အင်တာနက် လိုင်းပြတ်တောက်သွားသဖြင့် “ * * * ”  Customer Service သို့ ပြုပြင်ပေးရန် အကြောင်း ကြားသော်လည်း ပြင်ဆင်ပေးခြင်းမရှိသောကြောင့် တိုင်ကြားလာမှုအပေါ် တိုင်းဒေသကြီး ဦးစီးမှူးမှ တာဝန်ရှိသူများက “ * * * ” သို့ အကြောင်းကြား ဆောင်ရွက်ခဲ့ရာ “ * * * ” Operation Center က တိုင်ကြားသူ၏ အင်တာနက်လိုင်းအား စစ်ဆေးပေးခဲ့ပါကြောင်း၊ တိုင်ကြားသူအိမ်အနီး တပ်ဆင်ထားသော “ * * * ”  Wifi ပုံးမှာ Site Down ဖြစ်နေ၍ အင်တာနက်လိုင်း ပြတ်တောက်နေခြင်းကို သက်ဆိုင်ရာ အင်ဂျင်နီယာများမှ သွားရောက် စစ်ဆေးပြီး ပြုပြင်ပေးခဲ့ကြောင်း၊ မေလအတွင်း အင်တာနက်လိုင်း အသုံးမပြုရခြင်းအတွက် လည်း ၅၀ % လျှော့ပေးမည်ဖြစ်ကြောင်းတို့ကို တိုင်ကြားသူအား ရှင်းပြခဲ့ရာ လက်ခံ သဘောတူပြီး လက်ရှိတွင်အင်တာနက်လိုင်းအား ကောင်းမွန်စွာအသုံးပြုနေပြီဖြစ်ကြောင်းကို  ၁၀-၅-၂၀၂၂ ရက်နေ့တွင် အကြောင်းပြန်ကြားလာသဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားသူသို့ ဆက်သွယ်မေးမြန်းရာ ကျေနပ်မှုရှိသည့်အတွက် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။