
ယခုအချိန်တွင် နွေရာသီ အညာဒေသ၏ အမှတ်အသားအဖြစ်ပြောနိုင်လောက်သည့် သဘာဝအစား အစာထန်းသီးများ ပေါများသော ကာလဖြစ်ပါသည်။ ထန်းသီးတစ်ပင်တွင် ထန်းသီးအနုမှစ ထန်းသီး အရင့်အထိ အရွက်၊ အလက်နှင့် ထန်းပင် ပင်စည်မှစ အသုံးဝင်ပါသည်။ ရာသီဥတုပူပြင်းသောကာလ ထန်းသီးနုနုလေးများကို စားသုံးခြင်းဖြင့် ရင်ကိုအေးမြစေ၍ ဓာတုဆေးဝါးကင်းစင်သော ဂျယ်လီလေး အဖြစ် စားသုံးနိုင်ပါသည်။ ကျန်းမာရေးအတွက်လည်းကောင်းမွန်သော အစားအစာတစ်ခုလည်း ဖြစ်ပါ သည်။ ထန်းသီးအရင့်များကိုလည်း အနှစ်တိုက်ပြီး ထန်းသီးမုန့်အဖြစ်ပြုလုပ်စားသုံးနိုင်ပါသည်။ အကိုင်း အခတ်များကိုအမိုးအဖြစ်အသုံးပြုပြီး ပင်စည်များကို အခင်းအဖြစ်အသုံးပြုကြပါသည်။ ရေဓာတ်အပြည့် အဝရရှိပြီး ဆီးချိုနှင့် အရေပြားအတွက် အကျိုးကျေးဇူးကောင်းမွန်သော အစားအစာတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)