သီဟိုဠ်စေ့နှင့် ကျန်းမာရေး

Powered by Drupal
Thu, 05/15/2025 - 15:32 -- consumer_admin

      မြန်မာနိုင်ငံ၌ သီဟိုစေ့စိုက်ပျိုးထုတ်လုပ်သည့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်ပြည်နယ်တို့တွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး ကျန်တိုင်းဒေသကြီးများမှာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။ သီဟိုဠ်သီးနှံ၏ အင်္ဂလိပ်အမည်မှာ  Cashew ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Anacardium Occidentale ဖြစ်ပါသည်။ သီဟိုစေ့တွင် ကယ်လိုရီဓါတ်မြင့်မားစွာပါရှိပြီး ချေဖျက်လွယ်သော အမျှင်ဓါတ်များ၊ ဗီတာမင်နှင့် သတ္တုဓါတ်များလည်း ပါရှိနေပါသည်။ မြေပဲ၊ သီဟိုစေ့၊ ဗန်ဒါစေ့စသည့် အစေ့အဆံလေးများသည် ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ ကောင်းကျိုးပြုပါသည်။ သီဟိုစေ့သည် ရောဂါပိုးများကို တိုက်ထုတ်ပေးနိုင်တဲ့ သဘာဝအစွမ်း သတ္တိများလည်း ပါရှိနေပါသည်။ ကူးစက်ရောဂါအမျိုးမျိုးနှင့် ကင်ဆာရောဂါ၊ အူမကြီးကင်ဆာ၊ နှလုံးနှင့် နှလုံးသွေးကြောရောဂါများအတွက်လည်း အကောင်းဆုံးဖြစ်ပါသည်။ သွေးထဲရှိ ကိုလက်စထရောကို တိုးပွားလာစေပါသည်။ ဆံပင်နှင့် အသားအရောင်အတွက်လည်း ကောင်းစေ ပါသည်။ အရိုးသန်မာခြင်းနှင့် အာရုံကြောအဖွဲ့အစည်းကို အထောက်အပံ့ဖြစ်စေပါသည်။ ကိုယ်အလေးချိန်ထိန်းလိုသူများနှင့် ဆီးကျောက်တည်ခြင်း များကို ကာကွယ်ပေးနိုင်ပါသည်။ ခန္ဓာကိုယ်အကျိုးပြုဇင့်၊ ဗီတာမင်နှင့် သွပ်ဓါတ်တို့ ကြွယ်ဝစွာပါရှိနေခြင်းကြောင့် ဗီတာမင် ဖြည့်စွက်စာအဖြစ်လည်း စားသုံးပေးနိုင်ပါသည်။

DOCA(မန္တလေး)