ပိုးစာသီးအကြောင်း တစေ့တစောင်း

Powered by Drupal
Wed, 05/14/2025 - 09:58 -- consumer_admin

     ပိုးစာသီးသည် ပိုးစာပင်မှရသောအသီးဖြစ်၍ လူသားများဝတ်ဆင်နေသော ပိုးထည်များ သည် ပိုးကောင်လေးများမှ ထုတ်ပေး၍ ထိုပိုးကောင်ပင်လေးများ၏ အစာပင်ဖြစ်သောကြောင့် ပိုးစာပင်ဟု ခေါ်ဆိုကြပါသည်။ ပိုးစာသီးသည် စတော်ဘယ်ရီ၊ ဘလူးဘယ်ရီသီးတို့နှင့် ဆင်တူ ပါသည်။ ကမ္ဘာ့မြောက်ပိုင်း၊ သမဇုံတွင် အများဆုံးပေါက်ရောက်ပြီး နိုင်ငံရပ်ခြားတွင် အလွန် ဈေးကြီးပါသည်။ ပိုးစာသီးကို မြန်မာနိုင်ငံ၊ ပြင်ဦးလွင်မြို့တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြ ကြောင်းလည်း သိရပါသည်။

     ပိုးစာသီး၏အရသာသည် စိမ်းသောအခါတွင် ချဉ်၍ ရင့်မှည့်သောအခါတွင် ချိုမြ၍ အရည်ရွှမ်းပါသည်။ ပိုးစာသီးသည် သေးငယ်သော်လည်း ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဇင့်၊ ကော့ပါး စသည့် လူ့ခန္ဓာကိုယ် အကျိုးဖြစ်ထွန်းစေသောဓာတ်များစွာပါဝင်ပါသည်။ ဗီတာမင်အေ ပမာဏများစွာ ပါဝင်သောကြောင့် အာရုံကြော အားကောင်းစေပြီး အမြင်အာရုံ ကွယ်ခြင်းမှလည်း ကာကွယ်ပေးပါသည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှလည်း ကင်းဝေးစေပြီး ကင်ဆာရောဂါ၊ နှလုံးရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

     ပိုးစာသီးကို ဖျော်ရည်အနေဖြင့် နို့ဆီ၊ ရေခဲရည်များနှင့် ရောစပ်၍ သောက်သုံးနိုင်ပါသည်။ ပိုးစာသီးများကို တောင်ငူမြို့၊ ဈေးတန်းထဲတွင် ရောင်းချနေခြင်းမတွေ့ရသော်လည်း လိုအပ်လျှင် တောင်ငူမြို့နယ်ရှိ၊ ဒေသထွက်ကုန် အရောင်းဆိုင်များတွင် ၅၀ ကျပ်သားလျှင် ၃၀၀၀ ကျပ်၊ ၁ ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် ဝယ်ယူ၍ရနိုင်ကြောင်း သိရပါသည်။

DOCA(ပဲခူး)