
အဆာခံနိုင်စေခြင်း။ရုံးပတီသီးမှာပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်စွာပါဝင်နေပါတယ်။ပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်တွေက ဗိုက်ပြည့်တယ်လို့ မြန်မြန်ဆန်ဆန် ခံစားရစေနိုင်ပြီး အဆာခံနိုင်စေတာကြောင့် ကယ်လိုရီစားသုံးမှု ပမာဏကိုတိုင်းတာရာမှာ အထောက်အကူဖြစ်စေတဲ့အပြင် ကိုယ်အလေးချိန် ကျအောင်လုပ်ဆောင်နေသူတွေအတွက်လည်း သင့်တော်ပါတယ်။ ပင်ပန်းမှုဒဏ်ကနေ သက်သာစေ နိုင်ခြင်း။ ယနေ့ခေတ်မှာ ပင်ပန်းတယ်ဆိုတဲ့ စကားရပ်က လူတိုင်းပါးစပ်ဖျားမှာ ကြားရများတဲ့ စကားတစ်ရပ်လိုတောင်ဖြစ်နေပါပြီ။ ရုံးပတီသီးစေ့လေးတွေက သင့်ကို ပင်ပန်မှုဒဏ်ကို ခံနိုင်ရည်ရှိ စေမှာဖြစ်ပါတယ်။ ရုံးပတီသီးစေ့တွေမှာ အသည်းထဲက ဂလိုက်ကိုဂျင်စု ဆောင်း ထားမှုကို တိုးမြှင့်ပေးနိုင်တဲ့polyphenols နဲ့ ဖလေဗာနွိုက်တို့လိုမျိုး ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဂလိုက်ကိုဂျင်က ခန္ဓါကိုယ်အတွက် စွမ်းအင်သိုလှောင်ပေးပြီးမောပန်းမှုဒဏ်ကိုခံနိုင်ရည် ရှိစေမှာ ဖြစ်ပါတယ်။ ရုံးပတီသီးက စိတ်ကျဝေဒနာခံစားနေရသူတွေအတွက်လည်းဆေးစွမ်းတစ်လက်ပါ။
DOCA(ပဲခူး)