ကြက်သွန်နီကပေးသောကျန်းမာရေးကောင်းကျိုးများ

Powered by Drupal
Tue, 05/13/2025 - 11:04 -- consumer_admin

     ကြက်သွန်နီအမျိုးအစားများတွင် ရွှေဖလား၊ ဘောင်စောက်၊ သပိတ်လုံးနှင့် မင်းတုံးမျိုး တို့ဖြစ်ပြီး အများဆုံးစိုက်ပျိုးသောမျိုးမှာ ရွှေဖလားမျိုးဖြစ်ပါသည်။ အစိုဓာတ်ရှိသောမြေ အတော်များ များတွင် စိုက်ပျိုးနိုင်သည်။ အလွန်ချဥ်သော မြေကိုမနှစ်သက်သောကြောင့် အောက်မြန်မာပြည်တွင် စိုက်ပျိုးမှုနည်းသည်။ အပူအအေးသင့်တော်သော ရာသီဥတုကိုကြိုက်နှစ်သက်သဖြင့် သာမာန်အား ဖြင့် အပူချိန်အသင့်အတင့်မြင့်ပြီး နေ့တာရှည်ပါက ဥဖြစ်ပေါ်မှုကို အားပေးသည်။ တစ်ဧကအတွက် ပျိုးထောင်ရန် တစ်ပြည်လျှင် အလေးချိန် (၇၅-၈၀)ကျပ်သားရှိသည့် မျိုးစေ့(၂၄)ပြည်ခန့် လိုအပ် ပါသည်။ ကြက်သွန်နီတစ်ဧကစိုက်ပျိုးရန်အတွက် ပျိုးခင်းသည်(၀.၀၅)ဧကအရွယ်ရှိရမည်။ မျိုးစေ့ များကိုညီညာစွာ ကြဲပတ်၍လည်းကောင်း၊ အတန်းလိုက်သော်လည်းကောင်းစိုက်မည်။ ပေါင်းလိုက်ရ လွယ်ကူစေရန်အတန်းလိုက် စိုက်သင့်သည်။  စိုက်ပျိုးသောမျိုးစေ့များကို နွားချေးမှုန့်ပါးပါးဖြူး၍ သဲကြမ်းဖြင့်ပြန်လည် ဖုံးအုပ်ပေးရပါမည်။ပျိုးထောင်ချိန်မှာ အောက်တိုဘာလမှ နိုဝင်ဘာလလယ် အထိပျိုးထောင်ပေးရသည်။  ပြောင်းရွှေ့စိုက်ပျိုးချိန်မှစ၍ ကြီးထွားမှုနည်းသော သီးနှံဖြစ်သည့် အတွက်  ပေါင်းမြတ်မနိုင်လျှင် တစ်ခင်းလုံးပျက်ဆီးတတ်သည်။ ပေါင်းမြတ်ကြိုတင် နှိမ်နှင်းရန် အတွက် ထယ်အကြိမ်ကြိမ်ထိုးရသည်။  ထယ်ရေးပြီးက ထွန်ရေးနက်နက်ထွန်၍  ကြမ်းရိုက်ပြီး မိမိစိုက်လိုသောနည်းစနစ်အတိုင်း ပြုပြင်ရမည်။ ကြက်သွန်နီစားသုံးခြင်းဖြင့် ဓာတ်တိုးပစ္စည်း ကြွယ်ဝခြင်း ၊ နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နိုင်ချေ လျော့ချပေးခြင်း၊ အစာချေစနစ်ကို ကျန်းမာ စေခြင်း၊ ကိုယ်ခံအားကောင်းစေနိုင်ခြင်း၊ အရိုးများသန်မာစေခြင်းနှင့် ဆီချိုကိုထိန်းညှိပေးခြင်း စသည့်ကျန်းမာရေးကောင်းကျိုးများကို ရရှိစေနိုင်ပါသည်။

 DOCA(ပဲခူး)