မက္ကဒေးမီးယားအခြောက်ခံခြင်းအကြောင်း

Powered by Drupal
Tue, 05/13/2025 - 10:41 -- consumer_admin

     မက္ကဒေးမီးယားအခြောက်ခံခြင်းသည် ထုတ်ကုန်အရည်အသွေး ကောင်းမွန်ရန်အတွက် အရေးပါသည့်အဆင့်ဖြစ်သည်။ စုသိမ်းကောက်ယူထားသည့် မက္ကဒေးမီးယားသီးများတွင် အစိုဓါတ်(၃၀)ရာခိုင်နှုန်း ပါဝင်ပါသည်။ အခြောက်ခံရာတွင် အဆံ၏အစိုဓါတ်ပါဝင်မှုအား (၁.၅) ရာခိုင်နှုန်းသို့ လျှော့ချနိုင်ရေးအတွက် ဦးတည်ဆောင်ရွက်ရမည်။ အခြောက်ခံရာတွင် အခွံစိမ်းခွာ ထားသည့် အဆံပါအခွံမာသီးများအား လှန်စင်တွင်ဖြန့်ခင်း၍လည်းကောင်း သိုလှောင်ရုံအတွင်းသို့ လေမှုတ်သွင်း၍လည်းကောင်း အခြောက်ခံနိုင်သည်။ အခြောက်ခံရာတွင် နေရောင်ခြည်နှင့်ကာလ ကြာရှည်စွာ တိုက်ရိုက်ထိတွေ့ပါက အချဉ်ပေါက်ကာ ဆီချေးစော်နံခြင်းနှင့် အခွံအက်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ အပူပေးအခြောက်ခံရာတွင် အပူချိန်လွန်ကဲပါက အဆံအတွင်းသားညို၍ အရောင်ပျက်တတ်သဖြင့် အပူချိန်(၆၀)ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်၍ အခြောက်ခံခြင်း မပြုလုပ်သင့်ပါ။ အခြောက်ခံခြင်း လုပ်ငန်းသည် အပူချိန်အသုံးပြုမှုအပေါ် မူတည်၍ (၃၁) နာရီမှ (၂၇၀) နာရီအတွင်း ကြာမြင့်ပါသည်။

DOCA(ရှမ်း)