“သခွားမွှေးသီးနှင့်ကျန်းမာရေး”

Powered by Drupal
Mon, 05/05/2025 - 15:48 -- consumer_admin

    သခွားမွှေးသီးကို နွေရာသီ၏ ရာသီစာ အသီးတစ်မျိုးအဖြစ်သိကြပါသည်။ အရည်ရွှမ်းသည့် အသီးဖြစ်သောကြောင့် ကုန်သွားသည့်ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်သည့် အသီးတစ်မျိုး လည်းဖြစ်ပါသည်။ ချိုမြသည့်အရသာရှိပြီး မွှေးနေသည့် အနံ့ကြောင့် လူကြိုက်များပါသည်။ တောက်ပ သည့်အရောင်ရှိသောကြောင့် ပုံသဏ္ဍာန်ကလည်းစွဲမက်ဖွယ်ကောင်းပါသည်။

   သခွားမွှေးသီးကို မနက်စာအဖြစ် စားသုံးပေးမည်ဆိုပါက အစာချေစနစ်ကို ကောင်းမွန်စေပါသည်။ ဘီတာကရိုတင်း၊ ဗီတာမင်စီနှင့် ဗီတာမင်အေတို့ ကြွယ်ဝစွာ ပါဝင်သောကြောင့် အသားရည်နှင့် ဆံကေသာ ကျန်းမာရေးကို အကူအညီပေးပါသည်။  ပိုတက်ဆီယမ်ပါဝင်မှုကြောင့် ခန္ဓာကိုယ်ထဲရှိ သွေးဖိအားကို ထိန်းပေးပြီး သွေးတိုးရောဂါနှင့် နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေပြီး သွေးဖြူဥ အဖွဲ့အစည်းကိုလည်း အကူအညီပေးပါသည်။ ဆီးကိုရွှင်စေပြီး ကျောက်ကပ်ကို သန့်စင်စေပါသည်။ ကိုယ်ဝန်ဆောင်များ မနက်ပိုင်းဖြစ်တတ်သည့် အော့အန်ခြင်းကိုလည်း သက်သာစေသည့်အတွက် ကိုယ်ဝန်ဆောင်များအတွက်လည်း သင့်လျော်ပါသည်။

    သခွားမွှေးသီးတွင် ဘီတာပရိုတင်းပါဝင်မှုကြောင့် မျက်စိကျန်းမာရေးကို ကောင်းမွန်စေသည့် အပြင် အတွင်းတိမ်ဖြစ်ခြင်းကိုလည်း အထူးကာကွယ်ပေးပါသည်။ ရေဓာတ်ပါဝင်မှုများသည့် အသီး ဖြစ်၍ ကယ်လိုရီပါဝင်မှုနည်းသောကြောင့် ကိုယ်အလေးချိန်လျော့ချနေသူတွေစားဖို့ သင့်တော်သည့် အသီးဖြစ်ပြီး အစားစားချင်စိတ်ကို တင်းတိမ်စေပါသည်။ ထို့ကြောင့် သခွားမွှေးသီးကို စားသုံးခြင်းဖြင့် မိမိတို့အတွက် အကျိုးကျေးဇူးများစွာ ဖြစ်စေသောကြောင့် စားသုံးရန်သင့်လျော်သော အသီးတစ်မျိုး ဖြစ်ပါသည်။

DOCA(ရှမ်း)