စပျစ်သီးအကျိုးကျေးဇူး

Powered by Drupal
Mon, 04/28/2025 - 12:52 -- consumer_admin

   ကမ္ဘာပေါ်ရှိ လူသိအများဆုံး အသီးများထဲတွင်  စပျစ်သီးသည် တစ်မျိုးအပါအဝင်ဖြစ်သည်။စပျစ်သီး၏ မူရင်းဒေသမှာ ကော်ကေးရှား၊ပါကစ္စတန်၊ ဥရောပဒေသတို့ဖြစ်သည်။  စပျစ်သီးသည် ခရမ်းရင့်ရောင်၊အနီရောင်၊အစိမ်းရောင်တို့ရှိကြသည်။စပျစ်သီးသည် အသားသာမက အစေ့ပါဆေးဖက်ဝင်ကြောင်း၊ စပျစ်သီးကို စားပေးခြင်းဖြင့် ဆီးချိုကြောင့်ဖြစ်သော အမြင် အာရုဏ်ပြဿနာကိုပါ ကာကွယ်ပေးနိုင်ကြောင်းသိရှိရပါသည်။ စပျစ်သီးတွင်  ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ပရိုတင်း၊အဆီ၊အမျှင်ဓာတ်၊ဗီတာမင် (C,K)၊သီရာမင်း၊Riboflavin ၊ဗီတာမင်B6၊ ပိုတက်ဆီယမ်၊ကော့ပါး၊မဂ္ဂနိ အာဟာရဓာတ်များ ပါဝင်ပါသည်။

    စပျစ်သီးသည် ကိုယ်ခံအားကောင်းစေပြီး အစာခြေစနစ်ကို အထောက်အပံ့ပေးသည့် အပြင်  အသားအရေအတွက် နုပျိုလှပစေပြီး ကင်ဆာကို ကာကွယ်စေပါသည်။စပျစ်သီးကို စားပေးခြင်းဖြင့်  ကင်ဆာကာကွယ်ပေးခြင်း၊ နှလုံးရောဂါကို ကာကွယ်ပေးနိုင်စွမ်းရှိခြင်း၊ သွေးတိုး ကျစေနိုင်ခြင်း၊ ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ခြင်း၊ ဓာတ်မတည့်မှုကို သက်သာစေနိုင်ခြင်း၊ ဆီးချိုသမားများနှင့် သင့်တော်ခြင်း၊ မျက်လုံးကျန်းမာစေနိုင်ခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊  အူမကြီးကို ကျန်းမာစေခြင်းစသည့်အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။

  အနီရောင်စပျစ်သီးသည် အစိမ်းရောင်စပျစ်သီးထက် အာဟာရတန်ဖိုး ပိုမိုမြင့်မားပါသည်။ ကလေးများ အသက်(၆)လပြည့်ပြီးသည်နှင့် ကျွေးလို့ရပြီး ကလေးများကို စပျစ်သီးပုံမှန် ကျွေးပေးခြင်းဖြင့်     အာဟာရပြည့်ဝစေခြင်း၊အစာကြေစေခြင်း၊ အကျိုးပြု ဘက်တီးရီယားများ တိုးပွားစေခြင်း၊ကိုယ်ခံအားကောင်းစေခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း လေ့လာ သိရှိရမှုအား တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)